မန်စီးတီးအသင်းသည် အသင်းတောင်ပံကစားသမား စတာလင်ကို ပေါင် ၄၅ သန်းဖြင့် ရောင်းချဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Metro က ဖော်ပြခဲ့သည်။
အသက် ၂၆ နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား စတာလင်သည် ယခုရာသီတွင် မန်စီးတီးအသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ပြိုင်ပွဲစုံ ၁၅ ပွဲတွင် နှစ်ဂိုးသာ သွင်းယူပေးထားသည်။
ထို့ကြောင့် စတာလင်သည် ပုံမှန်ပွဲထွက်ခွင့်ရရန် အတွက် မန်စီးတီးအသင်းမှ ထွက်ခွာလိုနေပြီး ၎င်းင်းကိုခေါ်ယူရန် ဘာစီလိုနာအသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။
မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် စတာလင်၏ စာချုပ်မှာ ၂၀၂၃ ခုနှစ်တွင် သက်တမ်းကုန် ဆုံးမည်ဖြစ်သည်။
မန်စီးတီးအသင်းသည် စတာလင်ကို လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ရောင်းချရန်စီစဉ်နေပြီး ဘာစီလိုနာအသင်းက ကစားသမားအလဲအထပ်ဖြင့် ခေါ်ယူလိုနေကြောင်း သိရသည်။