ဘာစီလိုနာဝါရင့်တိုက်စစ်မှူး အဂွဲရိုးသည် နှလုံးပြဿနာကြောင့် ကစားသမားဘဝမှ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
အဂွဲရိုး(၃၃ နှစ်)သည် အောက်တိုဘာ ၃၀ ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဘာစီလိုနာ (၁-၁) အလာဗတ်စ်ပွဲတွင် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သောကြောင့် ဖြစ်စဉ်ကြောင့် အသက်ရှူကျပ်သည့်ဝေဒနာ ခံစားခဲ့ရကာ ဆက်ကစားနိုင်ခြင်းမရှိသဖြင့် ပွဲချိန် ၄၂ မိနစ်တွင် ကော်တင်ဟိုနှင့် လူစားလဲခဲ့ရသည်။
ယင်းနောက် အဂွဲရိုးကို ဆေးရုံတင်ပို့ခဲ့ရပြီး နောက်ဆက်တွဲ စစ်ဆေးမှုများအရ အဂွဲရိုးအနေဖြင့် သုံးလအနားယူရမည်ဟု ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့သည်။
သို့သော် နောက်ဆုံးစစ်ဆေးမှုများအရ အဂွဲရိုး၏ နှလုံးပြဿနာမှာ ယခင်က ထင်မှတ်ထားသည်ထက် ပိုမိုပြင်းထန်ပြီး ၎င်းအနေဖြင့် ကစား သမားဘဝမှ အနားယူရနိုင်ကြောင်း စပိန်မီ ဒီယာများက ဖော်ပြနေကြသည်။