ဆိုးလ်ရှား၏ နည်းပြအရည်အသွေးမှာ ယခုထက်ပိုမလုပ်နိုင်တော့ဟု အီယန်ရိုက်ဝေဖန်ခဲ့ပြီး ရွိုင်ကင်း၊ ဖာဒီနန်တို့၏ ကာကွယ်မှုများအပေါ် ဝေဖန်

ဆိုးလ်ရှား၏ နည်းပြအရည်အသွေးမှာ ယခုထက်ပိုမလုပ်နိုင်တော့ဟု အီယန်ရိုက်ဝေဖန်ခဲ့ပြီး ရွိုင်ကင်း၊ ဖာဒီနန်တို့၏ ကာကွယ်မှုများအပေါ် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 12 November 2021

အာဆင်နယ်အသင်း၏ ဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်သလို၊ နာမည်ကျော် ဘောလုံးသုုံးသပ်သူတစ်ဦးအဖြစ်လည်း ဆောင်ရွက်နေသည့် အီယန်ရိုက်က မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ယခုထက်ပိုလုပ်နိုင်စွမ်းမရှိတော့သည့်အတွက် ဘာမျှထပ်မျှော်လင့်၍ ရတော့မည်မဟုတ်ကြောင်း ဝေဖန်ခဲ့ပြီး ၎င်းအပေါ် ကာကွယ်ပြောဆိုမှုများပြုလုပ်နေသည့် မန်ယူအသင်းဖော်ဟောင်းများကိုလည်း ပြစ်တင်ပြောကြားခဲ့သည်။

    

အီယန်ရိုက်က မန်ယူအသင်း၏ လက်ရှိလူစာရင်းမှာ အောင်မြင်မှုများရယူရန်အတွက် လုံလောက်သည့်အနေအထားတွင်ရှိသော်လည်း ယခုအချိန်အထိ ပြဿနာများရှိနေခြင်းမှာ ဆိုးလ်ရှားသည် နည်းပြတစ်ဦးအနေဖြင့် သူရောက်ရှိသင့်သည့်အဆင့်ကို ရောက်ရှိခဲ့ပြီး ယခုထက်ပို မလုပ်နိုင်တော့သည့်အတွက်ကြောင့်ဖြစ်ကြောင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

"မန်ယူအသင်းရဲ့ စုဖွဲ့ကစားပုံကိုလည်း ကြည့်ဦး။ ကျွန်တော်တို့ လက်စတာနဲ့ပွဲမှာ မြင်ခဲ့ရတယ်။ လီဗာပူးလ်နဲ့ပွဲမှာ မြင်ခဲ့ရတယ်။ မန်စီးတီးနဲ့ပွဲမှာ မြင်ခဲ့ရတယ်။ မန်ယူအသင်းဆီမှာ ပြဿနာတွေအများကြီး ရှိနေတာလည်း တွေ့ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ နည်းပြရဲ့အရည်အသွေးက ဒါအကုန်ပါပဲ။ ကျွန်တော် မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ ရွိုင်ကင်း၊ ဖာဒီနန်တို့ကိုကြည့်လိုက်ရင် သူတို့က ကစားသမားတွေရဲ့အရည်အသွေးက မလုံလောက်သေးဘူး။ ကစားသမားတွေက သူတို့ ရဲ့အကောင်းဆုံးပုံစံကို မပြနိုင်သေးဘူးဆိုပြီး ပြောတာတွေပဲ ကြားနေရတယ်။ ဒါပေမဲ့ ကျွန်တော် တည့်တည့်ပဲပြောပါမယ်။ ဆိုးလ်ရှားရဲ့ လုပ်နိုင်စွမ်းဟာ ဒါအကုန်ပါပဲ"ဟု ပြောကြားခဲ့သည်။ 

အီယန်ရိုက်က ချယ်လ်ဆီးအသင်းသည် အသင်းအတွက် လုံလောက်မှုမရှိသည့်အချိန်တွင် လမ်းပတ်နှင့် တူဟယ်လ် အလဲအထပ်လုပ်ခဲ့ခြင်းကိုလည်း ဥပမာပေးခဲ့သည်။ 

Most Read

Most Recent