■ ပထမဂိုးသမားနေရာ ပြန်လည်မရရှိပါက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့၌ မန်ယူအသင်းမှ ထွက်ခွာရန် ဟန်ဒါဆန် ဆန္ဒရှိနေ

■ ပထမဂိုးသမားနေရာ ပြန်လည်မရရှိပါက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့၌ မန်ယူအသင်းမှ ထွက်ခွာရန် ဟန်ဒါဆန် ဆန္ဒရှိနေ
Photo: Sky Sports
Photo: Sky Sports
Published 12 November 2021

မန်ယူအသင်းမှ အင်္ဂလန်ဂိုးသ မား ဒင်းန်ဟန်ဒါဆန်သည် ပထမဂိုးသမားနေရာ ပြန်လည်မရရှိပါက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် မန်ယူအသင်းမှထွက်ခွာရန် ဆန္ဒရှိနေကြောင်း သိရသည်။

    

ဟန်ဒါဆန်(၂၄ နှစ်)သည် မန်ယူအသင်းမှ အကြိမ်ကြိမ်အငှားချခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီကမှ ပြန်လည်နေရာရခဲ့သူဖြစ်သည်။ 

ဟန်ဒါဆန်သည် ဒီဟေးယား လက်စွမ်းကျဆင်းနေစဉ်အတွင်း ပထမဂိုးသမားအဖြစ် အခွင့်အရေးရရှိခဲ့သော်လည်း နောက်ပိုင်းတွင် အရန်ခုံ၌သာ ပြန်ထိုင်ခဲ့ရသည်။ 

ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိင်ပွဲစုံ၌ တစ်ပွဲသာ ကစားခွင့်ရခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ရွေးချယ်ခြင်း မခံရသည့်အတွက် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိလာခြင်းဖြစ်ကြောင်း သိရသည်။ 

ဟန်ဒါဆန်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွေးချယ်ခံရရန်အတွက် ပုံမှန်ကစားခွင့်ရမည့်အသင်းထံ ပြောင်းရွှေ့လိုခြင်းဖြစ်ပြီး ပိုင်ရှင်အပြောင်းအလဲ၊ နည်းပြအပြောင်းအလဲများပြုလုပ်ထားသည့် နယူးကာဆယ်အသင်းက ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent