အီတလီ - ဆွစ်ဇာလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက် နံနက် ၂:၁၅ နာရီ)
အီတလီရော ဆွစ်ဇာလန်အတွက်ပါ အရေးကြီးတဲ့ပွဲပါ။ နှစ်သင်းစလုံး အုပ်စုဗိုလ်နေရာအတွက် အသည်းအသန် ကစားရမှာဖြစ်တယ်။ ဒီပွဲပြီးရင် လက်ကျန်ပွဲစဉ်တစ်ပွဲစီသာကျန်တော့လို့ အမှားမခံဘူး။ ပထမအကျော့တုန်းက ဆွစ်ဇာလန်မြေမှာ အီတလီက ဂိုးမရှိသရေကစားခဲ့ပြီး ခြေစွမ်းပိုင်းမှာတော့ ဆွစ်ဇာလန်က ပိုကောင်းခဲ့တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခု အီတလီမြေပေါ်မှာတော့ ဆွစ်ဇာလန် ရုန်းကန်ရမှာသေချာပါတယ်။ အစဉ်အလာပိုင်းအရကြည့်ရင်လည်း ဆွစ်ဇာလန်က အီတလီကို အနိုင်မရတာ တော်တော်လေးကြာနေပြီဖြစ်ပြီး အလွန်ဆုံးသရေပဲ ကစားနိုင်တယ်။ ဒါတောင် အိမ်ကွင်းပွဲစဉ်တွေလောက်ပဲ သရေခံကစားနိုင်တာပါ။ အီတလီ ကပ်နိုင်သွားလိမ့်မယ်။
သြစတြီးယား - အစ္စရေး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက် နံနက် ၂:၁၅ နာရီ)
ပထမအကျော့တုန်းက ထွက်ပေါ်ခဲ့တဲ့ ရလဒ်ကတော့ တကယ့်ကို မယုံနိုင်စရာပါ။ သြစတြီးယားက ဥရောပရဲ့အသင်းကြီးတစ်သင်းဖြစ်ပြီး အစ္စရေးကို ဂိုးပြတ်ရှုံးခဲ့တယ်။ ခြေစစ်ပွဲအောင်ဖို့လည်း မရှိတော့ဘူး။ အစ္စရေးကသာ စကော့တလန်ကို အမီလိုက်ဖို့ အမှားမခံဘူး။ ဒါပေမဲ့ သြစတြီးယား နိုင်မယ်။
ဒိန်းမတ် - ဖာရိုးကျွန်းစုများ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက် နံနက် ၂:၁၅ နာရီ)
ဒိန်းမတ်က ခြေစစ်ပွဲအသင်းအားလုံးထဲမှာ အကောင်း ဆုံးပုံစံပြသနိုင်ခဲ့တဲ့အသင်းဖြစ်တယ်။ ပွဲတိုင်းနိုင်တယ်။ ဂိုးတွေ သွင်းတယ်။ ပေးဂိုးမရှိဘူး။ အမှတ်က အရေးမပါတော့ပေမဲ့ Form ကို ဆက်ထိန်းထားလိမ့်မယ်။ ဒိန်းမတ် ဂိုးပြတ်သွင်းမယ်။
အန်ဒိုရာ - ပိုလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက် နံနက် ၂:၁၅ နာရီ)
ပိုလန်က အင်္ဂလန်ကို အမီလိုက်ဖို့ မလွယ်တော့ပေမဲ့ လက်ကျန်ပွဲစဉ်တွေကိုတော့ အမှားမခံဘဲ ကစားပါလိမ့်မယ်။ အန်ဒိုရာလိုအသင်းမျိုးက ပိုလန်အတွက် အနိုင်ယူဖို့ မခက်ခဲပါဘူး။ ပိုလန်ကိုပဲ ကြိုက်တယ်။
အင်္ဂလန် - အယ်လ်ဘေးနီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက် နံနက် ၂:၁၅ နာရီ)
အယ်လ်ဘေးနီးယားက ပိုလန်ကို ကျော်တက်ဖို့ သင်္ချာနည်းအရ အခွင့်အရေးရှိနေသေးပေမဲ့ အင်္ဂလန်မြေပေါ်မှာ အင်္ဂလန်ကို အနိုင်ကစားမှ ဆက်မျှော်လင့်လို့ရမယ့် အနေအထားဖြစ်နေတယ်။ ဒီပွဲမှာ အင်္ဂလန်အနိုင်ရတာနဲ့ အယ်လ်ဘေးနီးယား မျှော်လင့်ချက်မရှိသလောက်ဖြစ်သွားလိမ့်မယ်။ အင်္ဂလန်ကလည်း ခြေစစ်ပွဲအောင်ဖို့ သေချာသလောက်ရှိနေပြီဆိုပေမဲ့ အုပ်စုဗိုလ်နေရာအတွက် ပိုလန်ရဲ့ခြိမ်းခြောက်မှု ရှိနေသေးတယ်။ အမှားခံလို့မရဘူး။ ဒီပွဲအပြီးမှာကစားမယ့် ဆန်မာရီနိုနဲ့ပွဲက (၃)မှတ်လုံးဝသေချာနေတဲ့ပွဲဖြစ်လို့ သရေကျတာနဲ့ အုပ်စုဗိုလ်နေရာ သေချာပါပြီ။ လက်ရှိအနေအထားအရ အယ်လ်ဘေးနီးယားက ခြေတက်လာတယ်လို့ပြောနိုင်ပေမဲ့ အသင်းကြီးတွေကို ခံကစားနိုင်စွမ်းမရှိပါဘူး။ အင်္ဂလန် ဂိုးပြတ်သွင်းမယ်။
ဟန်ဂေရီ - ဆန်မာရီနို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက် နံနက် ၂:၁၅ နာရီ)
အရေးမပါတော့တဲ့ပွဲပါ။ ဒါပေမဲ့ ဟန်ဂေရီ သေချာပေါက် အနိုင်ရမယ့်ပွဲဖြစ်တယ်။ ခြေစွမ်းချင်း အပြတ်အသတ်ကွာပြီး ဥရောပမှာ ဆန်မာရီနိုကို အနိုင်မကစားနိုင်တဲ့အသင်း မရှိပါဘူး။ ဟန်ဂေရီ ဂိုးပြတ်သွင်းလိမ့်မယ်။
မော်လ်ဒိုဗာ - စကော့တလန်* (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၂ ရက် ည ၁၁:၃၀ နာရီ)
*မြောက်အိုင်ယာလန် - လစ်သူယေးနီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက် နံနက် ၂:၁၅ နာရီ)