ပြင်သစ်လီဂူးသည် ကြံ့ခိုင်မှုပိုင်းတွင် အားပြိုင်မှုအပြင်းထန်ဆုံးလိဂ်ဖြစ်ပြီး ပရီးမီးယားလိဂ်ထက် ပိုမိုခက်ခဲသည်ဟု ပိုချက်တီနို သုံးသပ်ပြောကြား

ပြင်သစ်လီဂူးသည် ကြံ့ခိုင်မှုပိုင်းတွင် အားပြိုင်မှုအပြင်းထန်ဆုံးလိဂ်ဖြစ်ပြီး ပရီးမီးယားလိဂ်ထက် ပိုမိုခက်ခဲသည်ဟု ပိုချက်တီနို သုံးသပ်ပြောကြား
Photo: Getty Images
Photo: Getty Images
Published 12 November 2021

PSG အသင်း၏နည်းပြ ပိုချက်တီနိုက ပြင်သစ်လီဂူးပြိုင်ပွဲတွင် ကမ္ဘာ့ဘောလုံးလောကတွင် ကြံ့ခိုင်မှုပိုင်း၌ အားပြိုင်မှုအပြင်းထန်ဆုံးလိဂ်ဖြစ်ပြီး ပရီးမီးယားလိဂ်ထက် ပိုမိုခက်ခဲသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ပြင်သစ်လီဂူးပြိုင်ပွဲမှာ အရည်အသွေးကျဆင်းနေပြီး နာမည်ကျော် ထိပ်တန်းကစားသမားများကို လစာများစွာပေး၍ ခေါ်ယူနေရကြောင်း ဝေဖန်မှုများရှိနေသည့်အတွက် ပိုချက်တီနိုက ကာကွယ်ပြောကြားမှု ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ပိုချက်တီနိုက ''ကျွန်တော်ကတော့ ဒီပြိုင်ပွဲဟာ အလွန်ခက်ခဲတဲ့လိဂ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အရည်အသွေးက ကြံ့ခိုင်မှုပါ။ ကမ္ဘာမှာ ကြံ့ခိုင်မှုပိုင်းအရ အားပြိုင်မှုအပြင်းထန်ဆုံးလိဂ်လို့လည်း ထင်ပါတယ်။ ကစားသမားတွေရဲ့ အရည်အသွေးက အံ့အားသင့်စရာ ကောင်းသလို၊ နည်းပြကောင်းတွေကိုလည်း အသင်းတိုင်းလိုလို ပို်င်ဆိုင်ထားကြပါတယ်။ အသင်းတိုင်းက ပွဲတစ်ပွဲကို အနိုင်ယူနိုင်စွမ်းရှိကြပါတယ်။ ဘယ်တော့မှ လွယ်လွယ်အလျှော့မပေးကြပါဘူး။ ဒါကြောင့် အလွန့်အလွန်ကောင်းတဲ့လိဂ်လို့ ထင်ပါတယ်။ ဒီလိုလိဂ်မှာ ရောက်နေလို့ ပျော်ပါတယ်။ ပရီးမီးယားလိဂ်ထက် ပိုကောင်းတယ်လို့ မပြောပါဘူး။ ကြံ့ခိုင်မှုမှာ ပရီးမီးယားလိဂ်ထက် ပိုကောင်းတာကြောင့် ပိုတစ်ပွဲကို အနိုင်ရဖို့ ပိုခက်တယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent