ဝက်စ်ဟမ်းအသင်းသည် အသင်း၏ရှယ်ယာ (၂၇)ရာခိုင်နှုန်းကို ချက်ဘီလျံနာ ကရီတင်စကီးထံ ရောင်းချခဲ့ကြောင်း နိုဝင်ဘာ (၁၀)ရက်တွင် အတည်ပြုကြေညာခဲ့သည်။
ချက်ဘီလျံနာ ကရီတင်စကီးသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အနာဂတ်တွင် ဝက်စ်ဟမ်းအသင်း၏ ရှယ်ယာအားလုံးကို ဝယ်ယူဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဝက်စ်ဟမ်းအနေဖြင့် ကရီတင်စကီးအား အသင်းရှယ်ယာ (၂၇) ရာခိုင်နှုန်း ရောင်းချခဲ့ခြင်းမှာ အသင်း၏ကြွေးမြီများကို လျှော့ချရန်ဖြစ်ကြောင်းနှင့် ကရီတင်စကီး၏ ရင်းနှီးမြှုပ်နှံမှုများက ယခုရာသီတွင် ခြေစွမ်းပြနေသည့် ဝက်စ်ဟမ်းအသင်းကို လူစာရင်းဖြည့်တင်းရာတွင် အကူအညီဖြစ်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝက်စ်ဟမ်းအသင်းသည် အသင်းရှယ်ယာ (၂၇)ရာခိုင်နှုန်းကို ပေါင်သန်း (၆၀၀)ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
ချက်ဘီလျံနာ ကရီတင်စကီးသည် ပေါင် (၃)ဘီလီယံနီးပါး ကြွယ်ဝသူဖြစ်ပြီး အနာဂတ်တွင် ဝက်စ်ဟမ်းအသင်းကို တစ်ဦးတည်းပိုင်ဆိုင်ရန် ကြိုးစားလာဖွယ်ရှိနေကြောင်း သိရသည်။