မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ်ရှိ ကျောင်းတော်ရာစေတီတော်ကြီး၏ ထီးတော်မဏ္ဍိုင်ယိုင်သွားပြီး သစ်ပင်ကြီးအများအပြားပြိုလဲ

မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ်ရှိ ကျောင်းတော်ရာစေတီတော်ကြီး၏ ထီးတော်မဏ္ဍိုင်ယိုင်သွားပြီး သစ်ပင်ကြီးအများအပြားပြိုလဲ
ကျောင်းတော်ရာစေတီတော်သို့ သွားသည့် ကားလမ်းတွင် သစ်ပင်ကြီးများပြိုလဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မောင်မောင်ဦး (စန္ဒကူး))
ကျောင်းတော်ရာစေတီတော်သို့ သွားသည့် ကားလမ်းတွင် သစ်ပင်ကြီးများပြိုလဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မောင်မောင်ဦး (စန္ဒကူး))
Published 18 October 2021
အောင်သူငြိမ်း

 

 အောက်တိုဘာ ၁၆ ရက် ညပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းတော်ရာစေတီတော်ကြီး၏ ထီးတော်မဏ္ဍိုင်ယိုင်သွားခဲ့ပြီး ကျောင်းတော်ရာစေတီတော်သို့ သွားရောက်သည့် ကားလမ်းတစ်လျှောက်ရှိ  သစ်ပင်ကြီးအများအပြားပြိုလဲခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် အများစုတွင် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ အောက်တိုဘာ ၁၆ ရက် ညပိုင်းက မိုးသည်း ထန်သည့်အပြင် လေပြင်းလည်း တိုက်ခတ် သောကြောင့် မကွေး၊ မင်းဘူး၊ ပွင့်ဖြူ စသည့် မြို့နယ်များအတွင်း လူနေအိမ်များသို့ ရေဝင် ရောက်ခြင်း၊ သစ်ပင်ကြီးများပြိုလဲခြင်း၊ ခြံ စည်းရိုးအုတ်တံတိုင်းများပြိုလဲခြင်းတို့ ဖြစ် ပေါ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ သာသ နာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ထီးတော်မဏ္ဍိုင်သည် ဝဲဘက်သို့ ယိုင်၍ ကွေးညွတ်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ကျောင်းတော်ရာဘုရားရဲ့ ထီးတော် မဏ္ဍိုင်ယိုင်သွားတာကိုတော့ အဝေးကနေမြင် ရပါတယ်။ အဲဒီလောက်ဖြစ်သွားတာဆိုတော့ အက်ကြောင်းတွေလည်း ဖြစ်နိုင်လောက်ပါ တယ်။ အဲဒါတော့ ဘုရားပေါ်တက်ကြည့်မှ သေချာသိရမှာပါ”ဟု ကျောင်းတော်ရာစေတီ တော်အနီးတွင်နေထိုင်သည့် ဒေသခံတစ်ဦး က ပြောကြားသည်။

ကျောင်းတော်ရာစေတီတော်အနီး လဲ ကျခဲ့သည့် သစ်ပင်ကြီးများအား ဒေသခံများ နှင့် ပွင့်ဖြူမြို့မှ တာဝန်ရှိသူများက အောက်တို ဘာ ၁၇ ရက် နံနက်က ရှင်းလင်းလျက်ရှိပြီး မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည့် ပင်း၊ ဒေါင်း နေ၊ မုန်း၊ မန်း၊ ယင်း စသည့်ချောင်းများတွင် ရေအလုံးအရင်းဖြင့် စီးဆင်းလျက်ရှိပြီး ဧရာ ဝတီမြစ်ရေလည်း ပြန်လည်မြင့်တက်လျက်ရှိ ကြောင်း သိရသည်။

ထို့အတူ မကွေးမြို့တွင်လည်း အောက်တိုဘာ ၁၆ ရက် ည ၉ နာရီက မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် မြို့ပေါ်ရပ်ကွက်အ ချို့မှ လူနေအိမ်များအတွင်း ရေလျှံဝင်ရောက် ခဲ့ကြောင်း သိရသည်။ မကွေးမြို့ သိင်္ဂါဂီရိရပ် ကွက်အနိမ့်ပိုင်းမှ လူနေအိမ်များ၊ အဝေးပြေး ကားကွင်းအနီးနှင့် အခြားရပ်ကွက်များမှ အ နိမ့်ပိုင်းရှိ လူနေအိမ်များအပါအဝင် စတိုးဆိုင် တချို့၏ အတွင်းပိုင်းအထိ ရေလျှံဝင်ရောက်ခဲ့ ကြောင်း၊ ရေလျှံဝင်ရောက်သည့် နေရာများသို့ မကွေးမြို့ပေါ်ရှိ  ပရဟိတအသင်းအဖွဲ့များက ကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ည ၁၀ နာရီခန့်တွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း သိရ သည်။

Most Read

Most Recent