Hometown Cha-Cha-Cha ဇာတ်ကားရိုက်ကူးခဲ့သည့် နေအိမ်များသို့သွားရောက် လည်ပတ်ခြင်းမပြုရန် ပရိုဂျူဆာများက ကြည့်ရှုသူများကို တောင်းဆို

Hometown Cha-Cha-Cha ဇာတ်ကားရိုက်ကူးခဲ့သည့် နေအိမ်များသို့သွားရောက် လည်ပတ်ခြင်းမပြုရန် ပရိုဂျူဆာများက ကြည့်ရှုသူများကို တောင်းဆို
Published 10 October 2021

tvN ရုပ်သံလိုင်းမှထုတ်လွှင့် Hometown Cha-Cha-Cha ရုပ်သံဇာတ်လမ်းတွဲ၏ ပရိုဂျူဆာများက ယင်းဇာတ်လမ်း ရိုက်ကူးခဲ့သည့်နေအိမ်များကို သွားရောက်လည်ပတ်ခြင်းမပြုကြရန် ကြည့်ရှုသူများကို တောင်းဆိုခဲ့ကြသည်။

ဒရာမာတွင် မြင်တွေ့ရသော ဇာတ်ကောင်များ၏ နေအိမ်များကို ပိုင်ဆိုင်သူများရှိကြောင်း၊ ရုပ်ရှင်ရိုက်ကူးနေစဉ်ကာလအတွင်း ယင်းနေအိမ်များကို ငှားရမ်းထားခြင်းသာ ဖြစ်ကြောင်း Hometown Cha-Cha-Cha ရုပ်ရှင်ဇာတ်လမ်းတွဲ ထုတ်လုပ်သည့်အဖွဲ့က အောက်တိုဘာ ၅ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

ယင်းနေအိမ်များကို လက်တွေ့ဘဝတွင် အမှန်တကယ်ပိုင်ဆိုင်သည့် ပိုင်ရှင်များက လက်ရှိအချိန်၌ လာရောက်လည်ပတ်သူများကနေ အိမ်များအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းမှုများနှင့် ရင်ဆိုင်နေရသည့်အတွက် ကြည့်ရှုသူများအနေဖြင့် ယင်းနေအိမ်များသို့ သွားရောက်လည်ပတ်ခြင်းမပြုဘဲ ထိုဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့သည့် ဟိုဟန်းမြို့ရှိ အခြားအထင်ကရနေရာများသို့သာ သွားရောက်လည်ပတ်ကြရန် အကြံပြုပြောကြားခဲ့သည်။

ဇာတ်လမ်းတွဲတွင်ပါဝင်သော ဟယ်ဂျင်း၏နေအိမ်၊ဒူရှစ်၏နေအိမ်၊ဂမ်ရီ၏နေအိမ်နှင့် ချိုဟီး၏ နေအိမ်တို့သည် ဇာတ်လမ်းအတွက် ငှားရမ်းထားခြင်းသာဖြစ်ပြီး လက်ရှိတွင် ထိုနေအိမ်များ၌ မူရင်းပိုင်ရှင်များ နေထိုင်နေကြကြောင်း tvN က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent