၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သြဂုတ်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ်ရာခိုင်နှုန်းအောက်သာရှိ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သြဂုတ်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ်ရာခိုင်နှုန်းအောက်သာရှိ
Published 29 September 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သြဂုတ်လ အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက် မှုမှာ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ်ရာခိုင်နှုန်းအောက်သာရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ် နေတဲ့ကဏ္ဍများအနက် လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေးနဲ့ ရေလုပ်ငန်းကဏ္ဍတွေမှာ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုက နှစ်အလိုက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့နှစ် ရာခိုင် နှုန်းအောက် ရောက်ရှိနေတာကို ကျွန်တော် တို့ဌာနရဲ့စာရင်းဇယားများအရ သိရပါတယ်။ ဒါကြောင့် နိုင်ငံရဲ့အရေးပါတဲ့ ကဏ္ဍဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ရေရှည်ဖွံ့ဖြိုးတိုး တက်မှုဖြစ်ပေါ်စေရေး နည်းလမ်းများရှာဖွေ ပြုပြင်ပြောင်းလဲပြုလုပ်ခြင်းဖြင့် ၎င်းင်းကဏ္ဍတွေအတွက် ပိုမိုကောင်းမွန်လာမှာဖြစ်ပါ တယ်”ဟုညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောကြားသည်။                  

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုဝင် ရောက်ခဲ့သည့်အခြေအနေကို လေ့လာကြည့် ပါက ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအ ထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဒေါ်လာ ၁၀ ဒသမ ၆၅၀ သန်းသာ ရှိသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၃၄ ဒသမ ၄၈၅ သန်းဝင်ရောက်ခဲ့သော်လည်း  ၂၀၁၆-၂၀၁ရဘဏ္ဍာတွင်မူ လယ်ယာ  ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်ခဲ့ပေ။

၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁သန်းကျော်၊၂၀၁၄- ၂၀၁၅ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၃၉ ဒသမ ၆၆ သန်းကျော်၊ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၀ ဒသမ ၂ သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၉ ဒသမ ၆ သန်းကျော် ဝင် ရောက်ခဲ့ပြီး၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင်မူ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိခဲ့ပေ။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခု နှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံကျော်အထိ ဝင် ရောက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းဒေါ်လာ ၃၉၅ သန်းကျော်ဝင်ရောက်ခဲ့ပြီး စုစုပေါင်းဝင် ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏  ဝဒသမ၅၁ရာခိုင်နှုန်းသာ ရှိခဲ့သည်။

“မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အားလျော်စွာ စိုက်ပျိုး ရေးအခြေခံစီးပွားရေး စနစ်ကို ရောက်ရှိစေ နိုင်ဖို့အတွက်  စိုက်ပျိုးရေးကုန်ထုတ်စွမ်းအား နဲ့အရည်အသွေးတိုးတက်မှုရှိစေရေး အရေး တကြီးလိုအပ်နေတာ အားလုံးအသိပဲဖြစ်ပါ တယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောကြားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၄၁ ဒသမ ၈၃၈ သန်းသာဝင်ရောက်ထားသည်။ မွေးမြူရေး နှင့်ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၉၂၆ ဒသမ ၂၁၈ သန်းဝင်ရောက်ထားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်းသို့ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၇ ဒသမ ၉၆၉ ဘီလျံအထိ ဝင် ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပ ဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ  သိရသည်။

Most Read

Most Recent