မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံဒေသရှိ ဓမ္မရံကြီး ဘုရားနှင့် စူဠာမဏိဘုရား နှစ်ဆူဝင်းအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံဒေသရှိ ဓမ္မရံကြီး ဘုရားနှင့် စူဠာမဏိဘုရား နှစ်ဆူဝင်းအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်
စူဠာမဏိဘုရား ရေဝင်ရောက်မူကို တွေ့ရစဉ်
စူဠာမဏိဘုရား ရေဝင်ရောက်မူကို တွေ့ရစဉ်
Published 18 September 2021
မင်းလတ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စက်တင်ဘာလ ၁၇ ရက် ညပိုင်းကစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရားနှစ်ဆူဝန်းအတွင်း ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

ထိုသို့ မိုး သည်းထန်စွာ ရွာသွန်းမှု ကြောင့် ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရားနှစ် ဆူဝန်းအတွင်း ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည့် အတွက် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက စတင်၍ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ ပုဂံမီး သတ်ဦးစီးဌာန၊ ပုဂံဒေသလူမှုကူညီကယ် ဆယ်ရေးအသင်းတို့ ပူးပေါင်း၍ မိုးရေများ အား ဘေးလွှတ်ရာသို့စုပ်ထုတ်ခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှညွှန်ကြားရေးမှူး ဦးသန်းထိုက် က ပြောကြားသည်။

“အခု ကျွန်တော်တို့ ရှေးဟောင်းနဲ့ ပုဂံ ညောင်ဦး မီးသတ်လူမှုကူညီရေးအသင်း တို့နဲ့ ပူးပေါင်းပြီး ရေစုပ်ထုတ်နေပါတယ် အရေး ပေါ်လက်ရှိထိန်းသိမ်းချင်းလုပ်ငန်းတွေ ဆောင် ရွက်နေပါတယ်။ ကျန်တဲ့ဘုရားတွေ လည်း တချို့အနည်းငယ်ရေဝင်တာဖြစ်တယ် ညောင်ဦးဘက်ပအုတ်တိုက်တခု အရမ်းအ ဆိုးကြီးတော့မဟုတ်ပါဘူး။ လက်ရှိပုဂံမှာက မိုးအရမ်းများနေတယ် ထိန်သိမ်းချင်းလုပ်ငန်း တွေ မလုပ်နိုင်သေးတော့ အမိုးတာလပတ် အုပ်ထားပေးတယ်။ မိုးကနေ့တိုင်းရွာနေတော့ ထိန်းသိမ်းရေးလုပ်ငန်းတွေက စလို့မရ ဖြစ် နေတယ်။ ဓမ္မရံကြီးနဲ့ စူဠာမဏိဘုရားတွေမှာ ဘုရားဂေါပကအဖွဲ့တွေနဲ့ မီးသတ် လူမူကူညီ ရေးအဖွဲ့တွေနဲ့ပေါင်းပြီး ရေစုပ်ထုတ်နေပါ တယ် အခုတော့ သဘာဝဘေးအန္တရာယ် ဖြစ် နေတာပေါ့။ ရန်ကုန်မိုးလို နေ့တိုင်းနီးပါးရွာ နေတော့ ရှေးဟောင်းဘုရားတွေက နှစ်ကာ လကြာတော့ ကြံ့ခိုင်မှုအားနည်းလာတယ် သဘာဝဘေးအန္တရာယ် ယှဉ်ဆိုင်နေရတယ် ကျွန်တော်တို့ အချိန်မီ ပြုပြင်ထိန်းသိမ်မူလုပ်ဖို့ လုပ်နေပါတယ် မိုးမရွာမှ လုပ်လို့ရမယ် လက် ရှိတော့ ထပ်မံပြီး ရှုံးဆုံးမှုမရှိအောင် ရှေး ဟောင်းအနေနဲ့ အရေပေါ် တာလပတ်မိုးကာ တွေ အုပ်မိုးပြီး ထပ်မံပျက်စီးမှုမရှိအောင် ကာကွယ်ချင်းလုပ်ငန်းတွေ လုပ်နေပါတယ်”ဟု ဒေါက်တာသန်းထိုက်က ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ၃၀ ရက် ညပိုင်းက မိုးသည်းထန်းစွာ ရွာသွန်းခဲ့ပြီးနောက် ဘုရား အမှတ် ၈၀၁ သံပျင်စွာဘုရား တောင်ဘက် နံရံအပေါ်ပိုင်း ရေစိမ့်ဝင်ကာ ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၁ ရက်တွင် လည်း မိုးသည်းထန်းစွာ ရွာသွန်းခဲ့မှုကြောင့် အမှတ် ၁၀၄၂ ဆင်ကဘုရား၏အပေါ် အ နောက်တောင်ထောင့်က ခြသေ့်အပေါ်ပိုင်း ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်အပြင် စက် တင်ဘာ ၁၆ ရက် ညပိုင်းကမိုးသည်းထန်းစွာ ရွာမှုကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေအတွင်းရှိ တောင်ဘီ ပိဋကတ်တိုက်နှင့် ဓမ္မရာဇကမဟာရန်အုတ်တံတိုင်း မြောက် ဘက်ခြမ်း ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က ပြောကြားသည်။

“ကျွန်တော်တို့ လောလောဆယ် စူဠာမဏိဘုရားမှာ ရေစုပ်ထုတ်နေပါတယ် ဓမ္မရံ ကြီးဘုရားမှာက ရေသိပ်မဝင်ဘူး။ အဆင်ပြေ ပါတယ်။ စူဠာမဏိဘုရားမှာက ရေဝင်များ တယ်။ ဘုရားအတွင်းထဲဆို ပေါင်လည် လောက်ရောက်တယ်။ ဘုရားအပြင်ဘက်က ကန်က ရေဝင်တာ လူရဲ့ရင်ခေါင်းလောက် ရောက်တယ် မိုးထပ်ရွာလို့ အဓိက ရေဝင်လာ တဲ့ ရေမြောင်းကို လွှဲဖို့အတွက် လုပ်ဆောင်နေ ပါတယ်” ဟု ပုဂံဒေသလူမူကယ်ရှာဖွေကယ် ဆယ်ရေးအဖွဲ့ ဥက္ကဠ ဦးကိုကိုက ပြောကြားသည်။

နှစ်စဉ် မိုးရာသီကာလတွင် ပုဂံ-ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ထဲရှိ ဘုရားစေတီ၊ အဆောက်အဦးအချို့ မိုးဒဏ် သင့်ကာထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။           

 

 

 

Most Read

Most Recent