စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အင်းတော်မြို့နယ်တွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းပိတ်ကာ ရွာချင်းဆက် တံတားမျောပါသွား

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အင်းတော်မြို့နယ်တွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းပိတ်ကာ ရွာချင်းဆက် တံတားမျောပါသွား
Published 16 September 2021
ထွန်းလင်းအောင်(မြစ်ကြီးနား)

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ နယ်မှာ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းပိတ်ကာ ရွာချင်းဆက်တံတား မျှောပါမှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၆ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေး-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းပေါ်ရှိ နားရခေါင်ချောင်းမှာ စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် တောင်ကျရေဖြင့် ရုတ်တရက် ရေကြီးခဲ့ပြီး ကားများ တစ်နာရီနီးပါးကြာ ပိတ်မိနေခဲ့ကြောင်း သိရသည်။

ယင်းအင်းတော်မြို့နယ်မှ ကျန်းတော၊ သုံးဘုံ၊ ကူးဆိပ် ကျေးရွာ သုံးရွာ အသုံးပြုသည့် ကျန်းတော ချောင်းကူးတံတားမှာလည်း တောင်ကျရေကြောင့် ရေထဲမျောပါ သွားကြောင်း ပြောကြားသည်။

“ချောင်းကူးတံတား ဆိုင်ကယ်နှင့်လူ ကူးဖို့ပါ။ အထူးသဖြင့်တော့ ကျောင်းသားနှင့် ဘုန်းကြီးကျောင်း ဆွမ်းပို့တဲ့ သူတွေအတွက်ပါ။ အရင်အစိုးရ လက်ထက်ကတော့ သုံးဘီးနှင့် ကားငယ်လမ်းအတွက် ရတော့မယ်လို့ ဆိုတယ်။ အခုတော့ မမျှော်လင့်ရသေးပါဘူး” ဟု ဒေသခံဖြစ်သူ ကိုစိုးမိုးအောင် က ပြောကြားသည်။

ယခုနှစ်အတွင်း စစ်ကိုင်းအထက်ပိုင်းဒေသကြီး ဝန်းသို၊ ဗန်းမောက်၊ အင်းတော်မြို့နယ်များတွင် တောင်ကျရေကြီးမှုကြောင့် ရွာချင်းဆက်လမ်းရှိ ချောင်းကူးတံတားများ ရေမျောပါ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent