ဧရာဝတီမြစ်ရေမှာ စက်တင်ဘာလ ပထမ ၁၀ ရက်ပတ်အတွင်း ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့များတွင် စိုးရိမ်ရေမှတ်များအထက် ကျော်လွန်ရောက်ရှိခဲ့ပြီး လက်ရှိ၌ ပြန်လည် လျော့ကျလျက်ရှိ

ဧရာဝတီမြစ်ရေမှာ စက်တင်ဘာလ ပထမ ၁၀ ရက်ပတ်အတွင်း ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့များတွင် စိုးရိမ်ရေမှတ်များအထက် ကျော်လွန်ရောက်ရှိခဲ့ပြီး လက်ရှိ၌ ပြန်လည် လျော့ကျလျက်ရှိ
မြစ်ရေတိုက်စား ကမ်းပြိုလာမှုကြောင့် ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာရှိ လူနေအိမ်များ အရေးပေါ် ဖျက်ရွှေ့နေသည်ကို စက်တင်ဘာလဆန်းက တွေ့ရစဉ်
မြစ်ရေတိုက်စား ကမ်းပြိုလာမှုကြောင့် ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာရှိ လူနေအိမ်များ အရေးပေါ် ဖျက်ရွှေ့နေသည်ကို စက်တင်ဘာလဆန်းက တွေ့ရစဉ်
Published 9 September 2021
လဲ့လဲ့အောင်

စက်တင်ဘာလ ပထမ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် မြစ်အောက်ပိုင်း မြို့များတွင်သာ မြို့အလိုက် စိုးရိမ်ရေမှတ်များအထက် ကျော်လွန်ရောက်ရှိခဲ့ပြီး လက်ရှိတွင် ပြန်လည် လျော့ကျလျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခုလဆန်းပိုင်းအတွင်း ဧရာဝတီမြစ်ရေ အမှတ်များမှာ သိသိသာသာ မြင့်တက်မှု ဖြစ်ပေါ်ခဲ့သော်လည်း မန္တလေးမြို့အပါအဝင် မြစ်အထက်ပိုင်းနှင့် အလယ်ပိုင်းရှိ မြို့များတွင် မြို့အလိုက် သတ်မှတ်ထားသော စိုးရိမ်ရေမှတ်များသို့ ကျော်လွန်ရောက်ရှိခဲ့ခြင်း မရှိဘဲ မြစ်အောက်ပိုင်းရှိ ဟင်္သာတ၊ ဆိပ်သာ၊ ဇလွန်မြို့များတွင်သာ စိုးရိမ်ရေမှတ်များအထက် ကျော်လွန်သည်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေမှာ ပြန်လည် လျော့ကျလျက်ရှိပြီး မန္တလေးမြို့ ဧရာဝတီမြစ်ရေမှတ်မှာ စက်တင်ဘာ ၃ ရက်နေ့တွင် ၁၁၈၅ စင်တီမီတာအထိ မြင့်တက်ခဲ့ရာမှ စက်တင်ဘာ ၉ ရက်တွင် ၁၀၀၇ စင်တီမီတာအထိ လျော့ကျခဲ့ရာ တစ်ပတ်အတွင်း စင်တီမီတာ ၁၇၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။

ထို့အတူ စိုးရိမ်ရေမှတ်အထက် ရောက်သည်အထိ မြင့်တက်ခဲ့သော ဟင်္သာတ၊ ဆိပ်သာမြို့များတွင်လည်း မြစ်ရေအမှတ်များ စိုးရိမ်ရေမှတ်အောက် ပြန်လည် လျော့ကျလျက်ရှိပြီး လက်ရှိ စိုးရိမ်ရေမှတ်အထက်တွင် ရှိနေသည့် ဇလွန်မြို့တွင် နောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်ကြောင်း မြစ်ရေ အသိပေးချက် ထုတ်ပြန်ထားသည်။

Most Read

Most Recent