မြန်မာလူငယ် တိုက်စစ်ကစားသမား ဟိန်းထက်အောင် ပါဝင်ကစားနေသည့် ဆီလန်ဂေါအသင်းသည် ၂၀၂၁ ရာသီ မလေး ရှားစူပါလိဂ်တွင် ထိပ်ဆုံးငါးသင်းစာရင်းဝင် ရန် အခွင့်အရေးရှိနေကြောင်း သိရသည်။
ဆီလန်ဂေါအသင်းသည် ပွဲစဉ် ၂၁ အပြီး တွင် ရမှတ်၃၆ မှတ်ဖြင့် အဆင့် ၅ နေရာ ရပ်တည်နေပြီး ထိပ်ဆုံးငါးသင်းစာရင်းဝင် ရန် အခြေအနေကောင်းနေခြင်းဖြစ်သည်။ လက်ကျန်တစ်ပွဲကစားရန်သာ လိုတော့သည့် အချိန်တွင် ဂျိုဟိုးဒါရူးလ်အသင်းက ရမှတ် ၅၄ မှတ်ဖြင့် ပွဲစဉ်မကုန်မီ ချန်ပီယံဖြစ်ခဲ့ပြီး ပီနန်အသင်းက ရမှတ် ၄၀၊ ကီဒက်ရှ်အသင်း က ရမှတ် ၃၉ မှတ်၊ တီရန်ဂါနူးအသင်းက ရမှတ် ၃၇ မှတ်၊ ဆီလန်ဂေါအသင်းက ရမှတ် ၃၆ မှတ်ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။
ဆီလန်ဂေါ အသင်းသည် နောက်ဆုံးပွဲအဖြစ် ပတ်တလင်းဂျာယာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိမ့်ဆုံး သရေတစ်မှတ်ရယူနိုင်ပါက အဆင့် ၅ နေရာတွင် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။ အကယ်၍ အနိုင်ရပါက အဆင့် ၄ နေရာတွင် ရပ်တည်နေသည့် တီရန်ဂါနူး အသင်း၏ ရလဒ်အပေါ်မူတည်၍ အဆင့်ရပ်တည်မှု အပြောင်းအလဲဖြစ်ဖွယ်ရှိနေသည်။
ဟိန်းထက်အောင်သည် ဆီလန်ဂေါ အသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိပြီး ဒုတိယအကျော့မှသာ စီနီယာအသင်းတွင် ပါဝင်ကစားခွင့်ရသော်လည်း ပုံမှန်ပွဲထွက်ခွင့် ရနေသည့်အပြင် ခြေစွမ်းပြကစားလျက်ရှိ သည်။ ဟိန်းထက်အောင်သည် ရာသီအစ တွင် ဆီလန်ဂေါ (ခ) အသင်း၌ ကစားခဲ့ရပြီး နောက်ပိုင်းမှ စီနီယာအသင်းတွင် ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။