ခွင့်ပြုချက်မရဘဲ လက်ရွေးစင်အသင်းနှင့် သွားရောက်ပူးပေါင်းခဲ့သည့် ဆယ်လ်ဆိုနှင့် ရိုမဲရိုးကို စပါးအသင်း ဒဏ်ရိုက်ဖွယ်ရှိ

ခွင့်ပြုချက်မရဘဲ လက်ရွေးစင်အသင်းနှင့် သွားရောက်ပူးပေါင်းခဲ့သည့် ဆယ်လ်ဆိုနှင့် ရိုမဲရိုးကို စပါးအသင်း ဒဏ်ရိုက်ဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 8 September 2021

 

စပါးအသင်းသည် အသင်း၏ ခွင့်ပြု ချက်မရဘဲ လက်ရွေးစင်အသင်းနှင့် သွားရောက်ပူးပေါင်းခဲ့သည့် ဆယ်လ်ဆိုနှင့် ရိုမဲရိုး တို့ကို ဒဏ်ရိုက်ဖွယ်ရှိကြောင်း ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။ 

ပရီးမီးယားလိဂ်ကလပ်များက ဗြိတိန်အစိုးရ ၏ Red List စာရင်းပါဝင်သော နိုင်ငံများသို့ သွားရောက်မည့်သူများအား စေလွှတ်ခြင်း မပြုရန် ဆုံးဖြတ်ထားသော်လည်း ၎င်းတို့နှစ်ဦး အနေဖြင့် ခွင့်ပြုချက်မရဘဲ သွားရောက်ခဲ့ သောကြောင့် ကြီးလေးသည့် ဒဏ်ကြေးချမှတ် ခံရဖွယ်ရှိနေသည်။ 

မာတီနက်ဇ်နှင့် ဘန်ဒီယာမှာမူ ဗီလာအသင်းနှင့် သဘောတူညီမှုရယူ၍ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent