ဖင်လန်ပရိသတ်များစွာ ရုရှားတွင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရ

ဖင်လန်ပရိသတ်များစွာ ရုရှားတွင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရ
Photo: Getty Images
Photo: Getty Images
Published 25 June 2021

ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဖင်လန်အသင်းကို လိုက်ပါအားပေးခဲ့သည့် ပရိသတ်အများအပြားသည် ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း သိရသည်။ 

ဇွန်လ (၂၂)ရက်က ကစားခဲ့သည့် အုပ်စု (B) နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်သော ဖင်လန်(၀-၂) ဘယ်လ်ဂျီယံပွဲစဉ်ကို  အုပ်စုနောက်ဆုံးပွဲကို ဖင်လန်ပရိသတ်(၃၀၀၀)ဝန်းကျင် သွားရောက်အားပေးခဲ့ကြကြောင်း သိရသည်။ 

အဆိုပါပွဲစဉ်ကို ရုရှားနိုင်ငံ၊ စိန့်ပီတာဘတ်မြို့ရှိ Saint-Petersburg ကွင်းတွင် ကစားခဲ့ခြင်းဖြစ်ပြီး ယင်းပွဲအပြီးတွင် ဖင်လန်ပရိသတ်များသည် နိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ 

ဖင်လန်သို့ အပြန် ဆေးစစ်မှုခံယူရာ၌ Positive အဖြေထွက်သူ (၈၆)ဦးရှိခဲ့ပြီး စစ်ဆေးမှု ခံယူဘဲ နိုုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသူ (၈၀၀)ဝန်းကျင်ရှိကြောင်း လည်းသိရသည်။ 

ထို့ကြောင့် နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားသွားမည်ကို ဖင်လန်တာဝန်ရှိသူများက စိုးရိမ်နေကြောင်းလည်း သိရသည်။

Most Read