မာရှေရာနိုတင်ရှိထားသည့် နိုင်ငံအသင်း၏ပွဲအများဆုံးစံချိန်ကို အသင်းခေါင်းဆောင် မက်ဆီ လိုက်မီ

မာရှေရာနိုတင်ရှိထားသည့် နိုင်ငံအသင်း၏ပွဲအများဆုံးစံချိန်ကို အသင်းခေါင်းဆောင် မက်ဆီ လိုက်မီ
Photo: Getty Images
Photo: Getty Images
Published 23 June 2021

 

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ပါရာဂွေးအသင်းအား (၁-၀) ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် ပါဝင်ကစားခဲ့ပြီးေ​နာက် ကွင်းလယ်လူဟောင်း မာရှေရာနို တင်ရှိထားသည့် နိုင်ငံလက်ရွေးစင်အသင်း၏ နိုင်ငံတကာပွဲအများဆုံးစံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

ယင်းပွဲတွင် အာဂျင်တီးနားအသင်းသည် ပွဲအစ ၁၀ မိနစ်၌ တောင်ပံတိုက်စစ်ကစားသမား ပါပူဂိုးမက်ဇ်သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ပြီး သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ 

မက်ဆီသည် ၂၀၀၅ ခုနှစ်ကတည်းက အာဂျင်တီးနားလက်ရွေးစင်အသင်းတွင် ပွဲ ဦးထွက်ခဲ့ပြီး လက်ရွေးစင်လူငယ်အသင်းများ၌ အောင်မြင်မှုများရရှိခဲ့သော်လည်း အသင်း ကြီးတွင်မူ အဓိကဆုဖလား တစ်ကြိမ်မျှမရရှိ သေးကြောင်း သိရသည်။ 

လာမည့် ဇွန်လ ၂၄ ရက်တွင် အသက် ၃၄ နှစ်ပြည့်တော့မည့် မက်ဆီသည် နိုင်ငံအသင်းတွင် သွင်းဂိုး ၇၃ ဂိုးဖြင့် ဂိုးသွင်းအများဆုံးစံချိန်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။

 

Most Read

Most Recent