သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်သည့် ပူတင်၏ ရုရှားနိုင်ငံသည် အင်အားလျော့ကျလာဖွယ်ရှိဟု ဘိုင်ဒင် ပြောကြား

သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်သည့် ပူတင်၏ ရုရှားနိုင်ငံသည် အင်အားလျော့ကျလာဖွယ်ရှိဟု ဘိုင်ဒင် ပြောကြား
အမေရိကန်သမ္မတ ဘိုင်ဒင် (ဝဲ)နှင့် ရုရှားသမ္မတ ပူတင် တို့အား တွေ့ရစဉ် (Photo:AFP)
အမေရိကန်သမ္မတ ဘိုင်ဒင် (ဝဲ)နှင့် ရုရှားသမ္မတ ပူတင် တို့အား တွေ့ရစဉ် (Photo:AFP)
Published 14 June 2021
Ref: Reuters

အမေရိကန်နှင့် ရုရှားနိုင်ငံအကြားဆက်ဆံရေးများ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းနေချိန်တွင် သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်သည့် ဗလာဒီမာ ပူတင်၏ ရုရှားနိုင်ငံသည် အင်အားလျော့ကျလာဖွယ်ရှိသည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဇွန် ၁၃ ရက်၌ ပြောကြားခဲ့သည်။

စစ်အေးခေတ် ရန်သူတော်ဟောင်း နှစ်နိုင်ငံ၏ဆက်ဆံရေးသည် နှစ်ပေါင်းများစွာအတွင်း အနိမ့်ကျဆုံး အနေအထားကို ရောက်နေကြောင်း ပူတင်က ပြောဆိုမှုသည်မှန်ကန်သည်ဟု ဇွန် ၁၃ ရက်တွင် ဘိုင်ဒင်က ပြောကြားခဲ့ပြီး ရုရှားသည် ထင်ထားသည်ထက် ပိုမိုအားနည်းနေပုံရသည်ဟု ဆိုခဲ့သည်။

“ ပြောရမယ်ဆိုရင် ရုရှားမှာ သူ့အကျပ်အတည်းနဲ့ သူရှိနေပါတယ်။ စီးပွားရေးကိစ္စ ကိုင်တွယ်တာ၊ ကိုဗစ်ကိစ္စ ကိုင်တွယ်တာမှာ သူတို့ဟာ ပြဿနာတချို ့ရှိနေပါတယ်။ ဥပမာ ပြရရင် ဆီးရီးယား၊ လစ်ဗျားတို ့ပြန်လည်ထူထောင်တဲ့ ပြဿနာမျိုး ဖြစ်ပါတယ်” ဟု အင်္ဂလန်တွင် ပြုလုပ်သော ဂျီ ၇ အစည်းအဝေး၏ နိဂုံးတွင် ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဇွန် ၁၆ ရက် ဂျနီဗာတွင် ပူတင်နှင့် မတွေ့ဆုံမီ ရက်ပိုင်းအလိုတွင် ဘိုင်ဒင်က ရုရှားအကြောင်း မှတ်ချက်ပေးခဲ့ခြင်းပင် ဖြစ်သည်။

အမေရိကန်နှင့် ရုရှားတို သည် သူလျှို ပြဿနာ၊ ဆိုက်ဘာတိုက်ခိုက်မှုပြဿနာ၊ အမေရိကန် ရွေးကောက်ပွဲကို ရုရှား၏စွက်ဖက်မှု၊ ယူကရိန်း၊ ဘီလာရုစ်တို ့၏ပြဿနာ၊ လူ့အခွင့်အရေးပြဿနာတို့နှင့်ပတ်သက်၍ အငြင်းပွားမှုများ ပေါ်ပေါက်နေချိန်တွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြမည် ဖြစ်သည်။

အနောက်နိုင်ငံများ၏ နှစ်ပေါင်းများစွာ ဒဏ်ခတ်အရေးယူမှုများ ရှိနေသော်လည်း ပူတင် အဘယ်ကြောင့် မပြောင်းလဲသနည်းဟု မေးမြန်းသည်ကို ဘိုင်ဒင်က “သူဟာ ဗလာဒီမာပူတင်ဖြစ်ပါတယ်။ သက်ဦးဆံပိုင် ခေါင်းဆောင်တွေမှာ အင်မတန်ကြီးမားတဲ့ ပါ၀ါ ရှိကြပါတယ်။ သူတို့ဟာ ပြည်သူ့ပြဿနာကို မဖြေရှင်းပေးကြပါဘူး။ ဒါကြောင့် သူ ့ကိုတားလို ့ရမှာ မဟုတ်ပါဘူး။ သူလုပ်ချင်တာ ဆက်လုပ်နေမှာပါ” ဟု ဖြေကြားခဲ့သည်။

၎င်းတို ့နှစ်ဦးတွေ့ဆုံပြီးပါက နှစ်ဦးလုံး တစ်ပြိုင်တည်း မီဒီယာများနှင့်မျက်နှာချင်း မဆိုင်ဘဲ သတင်းစာရှင်းလင်းပွဲကို အဘယ်ကြောင့် သီးခြားစီပြုလုပ်ရန် စီစဉ်ထားသနည်းဟု ဘိုင်ဒန်အား မေးမြန်းမှုတွင် “သတင်း မီဒီယာသမားတွေ ရှေ့မှာ ဘယ်သူပိုတော်တယ်၊ ဘယ်သူက ဘယ်သူ့ကို အခက်တွေ ့အောင် လုပ်နိုင်တယ်ဆိုပြီး ပြိုင်နေတာ မဟုတ်ပါဘူး။ သူလည်း အစည်းအဝေးနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောမယ်၊ ကျွန်တော်လည်း အစည်းအဝေးနဲ ့ပတ်သက်လို ့ကျွန်တော့်အမြင်ကို ပြောပါမယ်” ဟု ဖြေကြားခဲ့သည်။

မိမိသည် ရုရှားနှင့် ပဋိပက္ခဖြစ်ရန် နည်းလမ်းရှာနေခြင်း မဟုတ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့ပြီး ပူတင်၏ လုပ်ဆောင်ချက်များကို အမေရိကန်အမြင်ဖြင့်သာ ဖြေရှင်းသွားလိုသည်ဟု ဆိုခဲ့သည်။

ဘိုင်ဒင်သည် ယခုသီတင်းပတ်တွင် ဘရပ်ဆဲလ်မြို့တွင်ပြုလုပ်မည့် နှစ်ရက်ကြာ နေတိုးအစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။

ပြဿနာရပ်အမျိုးမျိုးနှင့်ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေး စွန်းထင်းနေချိန် ဇွန် ၁၆ ရက်တွင် ဂျနီဗာမြို့၌ ပြုလုပ်မည့် ထိပ်သီးညီလာခံတွင် ဘိုင်ဒင်သည် ပူတင်နှင့် တွေ့ဆုံ သွားမည် ဖြစ်သည်။

Most Read

Most Recent