ကပ်ဘေးကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုဟာ ပိုပြီးပြင်းထန်လာ တယ်။ ဘောလုံးနယ်ပယ်မှာတင်မကဘဲ နယ် ပယ်တိုင်းမှာသန်မာစွာရှင်သန်နိုင်ရေးဟာ သက် စောင့်ဓာတ်ပါပဲ။ အစီအစဉ်တကျမဖြစ်တော့တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအခင်းအကျင်း တွေကြားမှာ ယဉ်ကျေးမှုစံနှုန်းတွေလည်း သွေ ဖီလာတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကမ္ဘာ့နိုင်ငံများစွာ ကဏ္ဍစုံထိခိုက်နစ်နာခဲ့ပြီး ရုန်း ထွက်ခါစဥရောပနိုင်ငံတွေအတွက် ယူရို-၂၀၂၀ ဟာ ပျော်ရွှင်စရာဘောလုံးပွဲတွေဖြစ်လာနိုင်ပေမဲ့ အဲဒီနိုင်ငံတွေလည်း အလုံးစုံစိတ်ချနေတာမျိုး မဟုတ်ဘူး။ အမ်စတာဒမ်၊ ဘာကူ၊ ဘူခါရက်စ်၊ ဘူဒါပတ်စ်၊ ကိုပင်ဟေဂင်၊ ဂလပ်စဂို၊ လန်ဒန်၊ မြူးနစ်၊ ရောမ၊ စိန့်ပီတာ စဘတ်နဲ့ ဆီဗီးလ် မြို့တွေမှာ လှည့်လည်ကျင်းပမယ့် ယူရို-၂၀၂၀ ဟာ နွမ်းလျလျနွေရက်ထဲ ထိပ်တန်းကစား သမားတွေအတွက် ပိုပြီးပင်ပန်းစေမယ့် အစီအ စဉ်မျိုးပါပဲ။
ယူရိုနဲ့ နွမ်းလျသားကောင်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။