ဘန်ဇီမာကို ပြန်လည်ရွေးချယ်ခဲ့သည့် ဆုံးဖြတ်ချက်အား စပိန်နှင့် ပြင်သစ်မီဒီယာများ ကြိုဆို

ဘန်ဇီမာကို ပြန်လည်ရွေးချယ်ခဲ့သည့် ဆုံးဖြတ်ချက်အား စပိန်နှင့် ပြင်သစ်မီဒီယာများ ကြိုဆို
Photo: Getty Images
Photo: Getty Images
Published 21 May 2021

၂၀၁၅ ခုနှစ်ကဖြစ်ပွားခဲ့သည့် လူမှုရေးပြဿနာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းနှင့် (၆)နှစ်ကြာ ကင်းကွာနေသည့် တိုက်စစ်မှူး ဘန်ဇီမာသည် ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့် ထုတ်ပြန်လိုက်သည့်လူစာရင်းတွင် အံ့အားသင့်ဖွယ် ပြန်လည်ပါဝင်လာခဲ့ခြင်းအပေါ် စပိန်နှင့် ပြင်သစ်မီဒီယာများက ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

မကြာသေးမီကမှ ပြင်သစ်လူမျိုး ဂန္ထဝင်နည်းပြကြီး တစ်ဦးဖြစ်သူ အာစင်ဝင်းဂါးက ပြင်သစ်အသင်းအနေဖြင့် ဘန်ဇီမာကို ပြန်လည်ရွေးချယ်သင့်သည်ဟု သူ၏အယူအဆအား ထုတ်ဖော်ပြောဆိုကာ၊ ဘောလုံးကိစ္စမဟုတ်သည့် ပြဿနာဖြင့် လက်ရွေးစင်အသင်းက မရွေးချယ်ခြင်းသည် မျှတမှုမရှိဟုဆိုခဲ့ပြီး ယခုအချိန်တွင် ဒေးရွှမ့်က ပြန်လည် ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။

ဘန်ဇီမာ ပြန်လည်ရွေးချယ်ခံရခြင်းကို ပြင်သစ်နှင့် စပိန်မီဒီယာများက မျက်နှာဖုံးသတင်းများအဖြစ် ဖော်ပြခဲ့ကြပြီး ဘာပေ-ဘန်ဇီမာ-ဂရီးဇ်မန်း တိုက်စစ်အတွဲသည် အိပ်မက်ဆန်သည့် တိုက်စစ်အတွဲအဖက်တစ်ခုဖြစ်လာမည်ဟုလည်း ရေးသားခဲ့သည်။

ပြင်သစ်နာမည်ကျော်သတင်းစာတစ်စောင်ဖြစ်သည့်  L'Equipe ကလည်း နာမည်ကျော် ပြင်သစ်ရုပ်ရှင်တစ်ခု၏ ခေါင်းစဉ်ကိုယူကာ " The Chef's Surprise" ဟု ဖော်ပြခဲ့ပြီး ၎င်းတို့ကပင် ဒေးရွှမ့်သည် ဘန်ဇီမာကို ပြန်လည်ရွေးချယ်ရန်ကိစ္စအား ပြီးခဲ့သည့်မတ်လအတွင်းက ကစားခဲ့သည့် နိုင်ငံတကာပွဲစဉ်များအတွက် အသင်းအစည်းအဝေး ပြုလုပ်ချိန်ကတည်းက စဉ်းစားနေခြင်းဖြစ်သည်ဟုလည်း ရေးသားဖော်ပြခဲ့သည်။

Most Read

Most Recent