ဂရီးဇ်မန်းအပါအဝင် ကစားသမား(၇)ဦးကို ဘာစီလိုနာအသင်း ရောင်းထုတ်ရန် စီစဉ်

ဂရီးဇ်မန်းအပါအဝင် ကစားသမား(၇)ဦးကို ဘာစီလိုနာအသင်း ရောင်းထုတ်ရန် စီစဉ်
Photo: Barca Universal
Photo: Barca Universal
Published 20 May 2021

ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၁- ၂၂ ရာသီအတွက် ပြင်ဆင်မှုကြီးကြီးမားမားပြုလုပ်သွားဖွယ်ရှိနေပြီး ဂရီးဇ်မန်းအပါအဝင် ကစားသမား (၇)ဦးကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် အသင်းတွင်မျှော်လင့်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသည့် ဂရီးဇ်မန်း၊ ကော်တင်ဟို၊ အမ်တီတီ၊ ယာနစ်၊ ဖာပို၊ ဖာနန်ဒက်စ်နှင့် ဘရေ့ဝိတ်တို့ကို လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ဂရီးဇ်မန်းနှင့် ကော်တင်ဟိုတို့မှာ မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ သော်လည်း ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရခြင်းကြောင့် ပရိသတ်များ၏ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ထို့ပြင် ဘာစီလိုနာအသင်း၏ ၀ါရင့်ကစားသမားများဖြစ်သည့် ပီကေး၊ ဘူးစကွက်စ်၊ အယ်လ်ဘာတို့၏ အနာဂတ်မှာလည်း မရေမရာဖြစ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

 

Most Read

Most Recent