အယ်လီဂရီအား တစ်နှစ်လစာ ယူရို(၁၀)သန်းတန်ကြေးရှိ (၂)နှစ်စာချုပ်ဖြင့် ရီးယဲလ်အသင်း ကမ်းလှမ်းထားဟု La Gazzetta dello Sport ဖော်ပြ

အယ်လီဂရီအား တစ်နှစ်လစာ ယူရို(၁၀)သန်းတန်ကြေးရှိ (၂)နှစ်စာချုပ်ဖြင့် ရီးယဲလ်အသင်း ကမ်းလှမ်းထားဟု La Gazzetta dello Sport ဖော်ပြ
Photo: Madrid Zone
Photo: Madrid Zone
Published 20 May 2021

ရီးယဲလ်အသင်းသည် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီအား တစ်နှစ်လစာ ယူရို(၁၀) သန်းတန်ကြေးရှိ (၂)နှစ်စာချုပ်ဖြင့် အသင်းနည်းပြအဖြစ်ခန့်အပ်ရန် ကမ်းလှမ်းထားကြောင်း အီတလီအားကစားသတင်းစာ La Gazzetta dello Sport က ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် လက်ရှိနည်းပြ ဇီဒန်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ဇီဒန်းအနေဖြင့် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု ဆုံးဖြတ်ထားပြီး ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။

ယင်းသတင်းများထွက်ပေါ်လာပြီးနောက် ရီးယဲလ်အသင်းတွင် ဇီဒန်း၏နေရာကိုဆက်ခံရန် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီနှင့် ရီးယဲလ်ကက်စတယ်လာ(ရီးယဲလ်အရန်အသင်း) နည်းပြ ရာအူးလ်တို့က ရေပန်းစားနေသည်။

ယခုအခါ La Gazzetta dello Sport က ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် လာမည့်ရာသီတွင် ဇီဒန်း၏နေရာ အစားထိုးရန်အတွက် အသင်းလက်မဲ့ဖြစ်နေသည့် အီတလီလူမျိုးနည်းပြ အယ်လီဂရီကို ကမ်းလှမ်းထားကြောင်း ဖော်ပြခဲ့သည်။

ပီရက်ဇ်သည် အယ်လီဂရီအား တစ်နှစ်လစာ ယူရို (၁၀)သန်းတန်ကြေးရှိ (၂)နှစ်စာချုပ်ဖြင့် နည်းပြအဖြစ် ခန့်အပ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အဆင်ပြေပါက တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိသည် ဆိုသောအချက်ပါ ပါဝင်ကြောင်း သိရှိရသည်။

အယ်လီဂရီသည် ၂၀၁၉ တွင် ဂျူဗင်တပ်စ်အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်သည်။

၎င်းသည် နည်းပြဘဝတွင် အေစီမီလန်၊ ဂျူဗင်တပ်စ်တို့ကဲ့သို့ ထိပ်တန်းအသင်းများကိုကိုင်တွယ်ခဲ့ပြီး ဆုဖလား(၁၄)လုံး ရရှိခဲ့သည်။ 

Most Read

Most Recent