စပါးအသင်းအား ထိပ်တန်းနည်းပြအချို့ ငြင်းဆန်ခဲ့

စပါးအသင်းအား ထိပ်တန်းနည်းပြအချို့ ငြင်းဆန်ခဲ့
Photo: The Times
Photo: The Times
Published 20 May 2021

စပါးအသင်းဥက္ကဋ္ဌ လီဗီသည် အသင်း၏နည်းပြသစ်အဖြစ် ခန့်အပ်ရန် ထိပ်တန်းနည်းပြအချို့အား ဆက်သွယ်ခဲ့သော်လည်း သူ၏ ဆက်သွယ်ကမ်းလှမ်းမှုမှာ ငြင်းဆန်ပယ်ချခံခဲ့ရကြောင်း သိရှိရသည်။

လီဗီသည် လိုက်ပ်ဇစ်အသင်းနည်းပြ နာဂယ်စ်မန်း၊ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာနှင့် အေဂျက်စ်အသင်းနည်းပြ တန်ဟက်ဂ်တို့ကို ခေါ်ယူရန် ဆက်သွယ်ရာ၌ ယင်းနည်းပြများက ၎င်း၏ကမ်းလှမ်းမှုအား ငြင်းဆန်ပယ်ချခဲ့ကြကြောင်း သိရှိရသည်။

စပါးအသင်းသည် ပြီးခဲ့သည့်ဧပြီလအတွင်းက ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် လက်ရှိတွင် ယာယီနည်းပြအဖြစ် ကစားသမားဟောင်းဖြစ်သူ ရိုင်ယန်မေဆင်အားတာဝန်ပေးထားသည်။

စပါးအသင်းအနေဖြင့် ဟာရီကိန်းကိုဆုံးရှုံးပါက ထိပ်တန်းနည်းပြများကိုခေါ်ယူရန် ပိုမိုခက်ခဲမည်ဖြစ်ပြီး အသင်းဥက္ကဋ္ဌလီဗီအနေဖြင့်လည်း အသင်းအားပြင်ဆင်အားဖြည့်ရေးအတွက် ငွေကြေးများစွာခွင့်ပြုမည်ဟု နည်းပြသစ်ကိုမက်လုံးပေးကမ်းလှမ်းရမည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

 

Most Read

Most Recent