ဂျူဗင်တပ်စ် - နာပိုလီ (မြန်မာစံတော်ချိန် ဧပြီလ ၇ ရက် ည ၁၁:၁၅ နာရီ)
ဂျူဗင်တပ်စ်နည်းပြ ပီယာလိုအနေနဲ့ ရာသီကုန်ခါနီးမှာ ဖိအားတွေနဲ့ ပိုပြီးရင်ဆိုင်နေရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရသလို၊ စီးရီးအေမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင် ရုန်းကန်ရမယ့်အခြေအနေဖြစ်လာခဲ့ပြီး ဒီပွဲက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လုရမယ့်ပွဲလည်း ဖြစ်နေပါတယ်။ နာပိုလီအသင်းက ပန်းဝင်ချိန်နီးကပ်လာမှ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်နေပြီး စီးရီးအေမှာ နောက်ဆုံး(၄)ပွဲဆက် အနိုင်ရထားပါတယ်။ အစဉ်အလာအရ ဂျူဗင်တပ်စ်ကွင်းမှာ ခက်ခဲတတ်ပေမဲ့ အေစီမီလန်နဲ့ ရိုုးမားတို့ကို အဝေးကွင်းနှစ်ပွဲဆက် အနိုင်ယူထားခဲ့တာကြောင့် ဂျူဗင်တပ်စ်ကို ဒုက္ခပေးနိုင်ခြေရှိနေပါတယ်။ နုာပိုလီအသင်းအနေနဲ့ ပွဲကျပ်ကာလကို ဖြတ်သန်းရမယ့်အချိန်ဖြစ်တာကြောင့် သတိကြီးကြီးထားပြီး ကစားမယ့်အလားအလာလည်း ရှိနေပါတယ်။ လက်ရှိခြေစွမ်းအရ အဝေးကွင်းဖြစ်ပေမဲ့ နာပိုလီအသင်းကို ပိုကြိုက်ပါတယ်။ နာပိုလီ မရှုံးနိုင်ပါဘူး။
အင်တာမီလန် - ဆာဆူအိုလို (မြန်မာစံတော်ချိန် ဧပြီလ ၇ ရက် ည ၁၁:၁၅ နာရီ)
(၇)ပွဲဆက်တိုက် နိုင်ပွဲရယူပြီး ချန်ပီယံပြေးလမ်းမှာ ပြိုင်ဘက်တွေကို အမှတ်ဖြတ်ထားတဲ့ အင်တာမီလန်အသင်းကို လက်ရှိ ဆာဆူအိုလိုရဲ့ခြေစွမ်းနဲ့ တားဆီးနိုင်ဖို့ မရှိပါဘူး။ အစဉ်အလာမှာ ဒုက္ခပေးတတ်တဲ့ ပြိုင်ဘက်ဖြစ်ပေမဲ့ လတ်တလောခြေစွမ်းချင်းကတော့ ခြားနားလွန်းပါတယ်။ ဒါပေမဲ့ ဆာဆူအိုလိုရဲ့ တိုက်စစ်ပိုင်းကတော့ သတိထားရမယ့်အနေအထားမှာရှိပါတယ်။ အင်တာမီလန် အနိုင်သေချာပြီး ဂိုးတော့ ပြန်ပေးရနိုင်ပါတယ်။















