လီဗာပူးလ်နှင့်ပွဲအတွက် ချန်ပီယံလိဂ်လူစာရင်းတွင် ဟာဇက် မပါဝင်

လီဗာပူးလ်နှင့်ပွဲအတွက် ချန်ပီယံလိဂ်လူစာရင်းတွင် ဟာဇက် မပါဝင်
Photos: AFP & Real Madrid Twitter
Photos: AFP & Real Madrid Twitter
Published 6 April 2021

ရီးယဲလ်အသင်း၏တောင်ပံကစားသမား ဟာဇက်သည် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်လူစာရင်းတွင် ပါဝင်လာခြင်းမရှိကြောင်း သိရသည်။ 

ဟာဇက်သည် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်၍ ယင်းပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်ခဲ့သော်လည်း ရီးယဲလ်နည်းပြ ဇီဒန်းက ကစားသမား(၂၁)ဦး ရွေးချယ်ရာ၌ ဟာဇက်ကို ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။ 

ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဇီဒန်းက ''ဒဏ်ရာကပြန်ကောင်းလာတဲ့ ကစားသမားကို အဆင်သင့်မဖြစ်သေးဘဲ ကျွန်တော် စွန့်စားပြီး အသုံးမပြုချင်ပါဘူး။ ဟာဇက်ကို မကြာခင် အသုံးပြုနိုင်ဖို့ မျှော်လင့်ပါတယ်။ လူအင်အားအပြည့်အစုံနဲ့ ရာသီအဆုံးသတ်တဲ့အထိ ဖြတ်သန်းသွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကြံ့ခိုင်မှုပြည့်ဝတဲ့ကစားသမားတွေကိုပဲ ကျွန်တော် လိုချင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

ဟာဇက်သည် ရီးယဲလ်အသင်း နောက်ဆုံးကစားခဲ့သည့် လိဂ်ပွဲ(၉)ပွဲတွင် (၈)ပွဲအထိ လွဲချော်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ချယ်လ်ဆီးမှ ပြောင်းလာပြီးကတည်းက ရီးယဲလ်အတွက် (၃၆)ပွဲသာ ကစားခဲ့ရသည်။

၎င်းမှာ လီဗာပူးလ်နှင့်ရင်ဆိုင်ကစားခဲ့ရသည့် (၁၈)ပွဲတွင် (၇)ပွဲအထိ သွင်းယူထားနိုင်သူလည်းဖြစ်သည်။

ဟာဇက်နှင့်အတူ အသင်းခေါင်းဆောင်ဖြစ်သူ ရာမို့စ်မှာလည်း ယခုပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးလ်နှင့်ရင်ဆိုင်ကစားခဲ့သည့် ရီးယဲလ်အသင်း၏Line-up မှ (၇)ဦးအထိ ယခုလူစာရင်းတွင် ပါဝင်လာပြီး ယင်းကစားသမားများမှာ ဗာရန်း၊ မာဆယ်လို၊ မိုဒရစ်၊ ကက်စီမီရို၊ ကရို့စ်၊ အစ္စကိုနှင့် ဘန်ဇီမာတို့ဖြစ်သည်။

Goalkeepers: Courtois, Lunin, Altube

Defenders: Militao, Varane, Nacho, Marcelo, Odriozola, Mendy

Midfielders: Kroos, Modric, Casemiro, Valverde, Isco, Arribas

Forwards: Benzema, Asensio, Lucas V, Vinicius Jr, Mariano, Rodrygo

Most Read

Most Recent