နောက်ဆုံး (၁၀)မိနစ်အတွင်းပေးခဲ့ရသည့် ဂိုးများကြောင့် စပါးအသင်း ဆုံးရှုံးရသည့်အမှတ် (၁၁)မှတ်အထိ ရှိလာ

နောက်ဆုံး (၁၀)မိနစ်အတွင်းပေးခဲ့ရသည့် ဂိုးများကြောင့် စပါးအသင်း ဆုံးရှုံးရသည့်အမှတ် (၁၁)မှတ်အထိ ရှိလာ
Photo: AFP
Photo: AFP
Published 5 April 2021

စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် နောက်ဆုံး (၁၀)မိနစ်အတွင်း ပေးရသည့် ဂိုးများကြောင့် ရမှတ်ဆုံးရှုံးသည်မှာ (၁၁)မှတ်အထိရှိလာခဲ့ပြီဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်အသင်းအားလုံးထဲတွင် အများဆုံးဖြစ်ကြောင်း သိရှိရသည်။

စပါးအသင်းသည် နယူးကာဆယ်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင်လည်း (၂-၁)ဂိုးဖြင့် ဦးဆောင်နေခဲ့ပြီးမှ ပွဲချိန် (၈၅)မိနစ်တွင် နယူးကာဆယ်အသင်း၏ လူစားဝင်ကစားသမား ဝီလပ်ခ်၏ သွင်းဂိုးကြောင့် ချေပဂိုးပေးခဲ့ရပြီး သရေကျခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် စပါးအသင်းသည် ချယ်လ်ဆီးအသင်းကိုကျော်ကာ အဆင့် (၄)အတွင်းဝင်မည့် အခွင့်အရေးကောင်းကိုလည်း လက်လွှတ်ခဲ့ရပြီး ယင်းအတွက်လည်း မော်ရင်ဟိုသည် စိတ်ပျက်လျက်ရှိနေသည်။

မော်ရင်ဟို၏ နည်းပြဘဝတွင် ဦးဆောင်ဂိုးရရှိပါက နိုင်ပွဲရအောင် ထိန်းကစားနိုင်ခြင်းနှင့် ပတ်သက်ပြီး မှတ်တမ်းကောင်းများရှိခဲ့သူဖြစ်သည်။

ယခုကဲ့သို့ ဂိုးများပေးနေရခြင်းနှင့် ပတ်သက်ပြီးလည်း မော်ရင်ဟိုက စပါးကစားသမားများကိုသာ အပြစ်တင်ခဲ့ပြီး "နည်းပြကတော့ ဒီနည်းပြပဲ" ဟု ဆိုကာ လက်ရှိ စပါးအသင်းကစားသမားများနှင့် ယခင်က သူကိုင်တွယ်ခဲ့သည့်အသင်းများအကြား ကွာခြားမှုကို ဦးတည်ကာ ပြောကြားခဲ့သည်။

ဆက်လက်ပြီး "ကျွန်တော့်အတွက်တော့ နိုင်ပွဲတစ်ပွဲရအောင် တည်ဆောက်ပြီးသွားပြီ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဂိုးတွေ ပြန်ပေးရမယ်ဆိုတဲ့ ဖြစ်နေကျပုံစံက ပြန်ဖြစ်လာတယ်လို့ ထင်ပါတယ်။ ဒီရလဒ်က တကယ်ဆိုးပါတယ်။ ကျွန်တော် နယူးကာဆယ်အသင်းကို မလေးစားလို့ ပြောတာမဟုတ်ပါဘူး။ ဒီပွဲက နိုင်ကို နိုင်ရမယ့် ပွဲတစ်ပွဲပါ" ဟုလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent