နာပိုလီနှင့်ပွဲတွင် ရလဒ်ဆိုးပါက ဂျူဗင်တပ်စ်နည်းပြ ပီယာလို ထုတ်ခံရဖွယ်ရှိ

နာပိုလီနှင့်ပွဲတွင် ရလဒ်ဆိုးပါက ဂျူဗင်တပ်စ်နည်းပြ ပီယာလို ထုတ်ခံရဖွယ်ရှိ
Photo: Bola
Photo: Bola
Published 5 April 2021

လာမည့်နာပိုလီအသင်းနှင့်ပွဲတွင်  ဂျူဗင်တပ်စ်အသင်း ရလဒ်ဆိုးပါက နည်းပြပီယာလို ထုတ်ပယ်ခံရဖွယ်ရှိကြောင်း သိရသည်။

လက်ရှိရာသီတွင် ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်မှ ထွက်ခွာရသလို၊ စီးရီးအေပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို လက်လွှတ်ရရန် နီးစပ်နေပြီဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းအားကစားဒါရိုက်တာ ပါရာဘီချီက ပီယာလို၏ အနာဂတ်အတွက် အာမခံခဲ့သော်လည်း အီတလီမီဒီယာများက နာပိုလီနှင့်ပွဲတွင် ရလဒ်မကောင်းပါက ပီယာလို ထုတ်ပယ်ခံရဖွယ်ရှိကြောင်း ဖော်ပြနေကြသည်။

ပြီးခဲ့သည့် တိုရီနိုအသင်းနှင့် တူရင်ဒါဘီတွင် (၂-၂)ဂိုးဖြင့် သရေကျပြီးနောက် ပီယာလိုက '' ကျွန်တော်တို့အသင်းက အမှားတွေ ခပ်လွယ်လွယ်ကျူးလွန်နေပါတယ်။ ပြိုင်ဘက်တွေက ကျွန်တော်တို့ကို ခန့်မှန်းရလွယ်နေပါတယ်။ ကျွန်တော့်အသင်းက ပွဲချိန်ပြည့်အာရုံစူးစိုက်မှုမရှိဘဲ ကစားနေလို့ အမှတ်တွေဆုံး ရှုံးနေတာပါ။ ကျွန်တော်တို့ တိုးတက်ဖို့လိုနေပါတယ်'' ဟု ပြောကြားခဲ့သည်။

Most Read

Most Recent