လီဗာပူးလ်အသင်းသည် ထရက်ဇွန်စပေါ်အသင်းမှ တူရကီလက်ရွေးစင်ဂိုးသမား ကာကီယာကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
ကာကီယာ(၂၄ နှစ်)သည် ၂၀၁၉ ခုနှစ်တွင် တူရကီလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ဒုတိယဂိုးသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။
၎င်း၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ပေါင်(၁၅)သန်းဝန်းကျင်သာ ရှိမည်ဖြစ်၍ လီဗာပူးလ်အသင်းနှင့်အတူ လိုက်ပ်ဇစ်နှင့်် ဆီဗီလာအသင်းတို့ကလည်း ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ရာသီကတည်းက ကာကီယာကို စောင့်ကြည့်လေ့လာခဲ့ပြီး ၂၀၂၀ ဇန်နဝါရီအပြောင်း အရွှေ့တွင် ကမ်းလှမ်းရန် စီစဉ်ခဲ့ကြောင်းလည်း သိရသည်။
လီဗာပူးလ်အသင်းသည် ကာကီယာကို တတိယဂိုးသမားအဖြစ် အားဖြည့်ခေါ်ယူရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။















