ဥရောပ ထိပ်တန်းအသင်းကြီးများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည့် လူကာကူအား အင်တာမီလန်အသင်း သက်တမ်းတိုးရန် စီစဉ်

ဥရောပ ထိပ်တန်းအသင်းကြီးများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည့် လူကာကူအား အင်တာမီလန်အသင်း သက်တမ်းတိုးရန် စီစဉ်
Photo: Getty Images
Photo: Getty Images
Published 29 March 2021

အင်တာမီလန်အသင်းသည် ဥရောပထိပ်တန်းအသင်းကြီးများ၏ ပစ်မှတ်ထားခြင်းကိုခံနေရသည့် အသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူအား သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

လူကာကူသည် ယခုရာသီတွင် ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ ဂိုးများဆက်တိုက် သွင်းယူနေသူဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းအတွက် (၁၀)ပွဲဆက်နှင့် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၅)ဂိုးအထိ သွင်းယူထား သူဖြစ်သည်။

၎င်းအား ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ PSG၊ မန်စီးတီးတို့က ခေါ်ယူရန်စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသလို အသင်းဟောင်း ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေသည်ဟု သိရှိရသည်။

သူ၏ စာချုပ်သက်တမ်းမှာ (၂၀၂၄) မှ ကုန်ဆုံးမည်ဖြစ်သော်လည်း အင်တာမီလန်အသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ပြီး လူကာကူကလည်း အင်တာမီလန်အသင်းတွင် ကွန်တီဆက်ရှိနေသရွေ့ အသင်းတွင် ဆက်ကစားသွားရန်ဆုံးဖြတ်ထားသည်ဟု သိရသည်။

လက်ရှိအချိန်တွင် အင်တာမီလန်အသင်းနှင့် လူကာကူ၏ အေးဂျင့်တို့သည် စာချုပ်သက်တမ်းတိုးရန် ကိစ္စအတွက် ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ပြီး၊ လူကာကူဘက်ကမူ ကွန်တီမရှိပါက သူ၏ အနာဂတ်အတွက် ပြန်လည်စဉ်းစားခွင့်ပြုရမည့်အချက်ကို တောင်းဆိုသွားမည်ဟုသိရသည်။

အင်တာမီလန်အသင်းသည် ယခုရာသီတွင် လူကာကူ၏ ခြေစွမ်းပြမှုနှင့်အတူ စကူဒတ်တိုဖလားယူရန် အခြေအနေကောင်းနေပြီး အေစီမီလန်ကို (၆)မှတ်ဖြတ်ဦးဆောင်ထားသည်။

Most Read

Most Recent