ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတဲရင့်စ်စမွိုင်းနီခွဲ နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတဲရင့်စ်စမွိုင်းနီခွဲ နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်
Published 11 February 2021

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတဲရင့်စ်စမွိုင်းနီခွဲသည် နှလုံးရောဂါဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။

ဦးတဲရင့်စ်စမွိုင်းနီခွဲသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ဖေဖော်ဝါရီ ၂ ရက်တွင် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲပြီး ပြည်နယ်အလိုက် စီမံအုပ်ချုပ်ရေး ကောင်စီများအား ဖွဲ့စည်းရာတွင် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဦးတဲရင့်စ်စမွိုင်းနီခွဲသည် ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်တဲရွာ ဇာတိဖြစ်ပြီး ယခင် အစိုးရ လက်ထက်တွင် ချင်းပြည်နယ် တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးတဲရင့်စ်စမွိုင်းနီခွဲသည် ယခုအခါ ဟားခါးမြို့တွင် နေထိုင်လျက်ရှိပြီး နေပြည်တော် အစည်းအဝေးသို့ သွားရောက် တက်ရောက်ခဲ့ပြီး ဟားခါးမြို့ ပြန်အရောက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီဟု သိရသည်။

Most Read

Most Recent