■ အင်္ဂလိပ်ဘောလုံးသမိုင်းမှာ စံချိန်သစ်တစ်ခုရေးထိုးခဲ့တဲ့ မန်စီးတီး

■ အင်္ဂလိပ်ဘောလုံးသမိုင်းမှာ စံချိန်သစ်တစ်ခုရေးထိုးခဲ့တဲ့ မန်စီးတီး
Published 11 February 2021

ဆွမ်ဆီး ၁-၃ မန်စီးတီး

မန်စီးတီးအသင်းက အင်္ဂလိပ်ဘောလုံးသမိုင်း မှာ စံချိန်မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်မှုနဲ့အတူ နောက်တစ်ဆင့်တက်ရောက်ခဲ့တာပါ။ အခုနိုင်ပွဲဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပြီး Top-flight အသင်း တစ်သင်းအနေနဲ့ ၁၈၉၁-၉၂ ရာသီက ပရက်စတန်၊ ၁၉၈၇-၈၈ ရာသီက အာဆင်နယ်အသင်းတွေ တင်ရှိထားတဲ့ (၁၄)ပွဲဆက် နိုင်ပွဲစံချိန်ကို ချိုးဖျက်ခဲ့တာ ဖြစ်တယ်။  

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဂိုးသမားနဲ့ နောက်ခံလူ(၄)ယောက်တန်းကို အားလုံးအပြောင်းအလဲလုပ်ခဲ့ပြီး တိုက်စစ်မှာလည်း ဖိုဒန်၊ မာရက်ဇ်တို့နေရာမှာ ဂျေးဇူး၊ ဖယ်ရန်တောရက်စ်တို့ ဝင်ကစားခဲ့တာပါ။ ပရီးမီးယားလိဂ်တန်းတက်ခွင့်ရဖို့ အရှိန်ယူနေတဲ့ ဆွမ်ဆီးက မန်စီးတီးကို ဒုက္ခပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကစားသမားပိုင်းအကြားမှာ ကွာဟချက်များခဲ့လို့ မန်စီးတီးအသင်းကပဲ တစ်ပွဲလုံးနီးပါး ဦးဆောင်ကစားခဲ့တယ်။

မန်စီးတီးအတွက် အဖွင့်ဂိုးကတော့ (၃၀)မိနစ်မှာ ဝေါ်လ်ကာရဲဲ့ဖြတ်တင်ဘော ဘယ်သူနဲ့မှမထိဘဲ ဂိုးထဲတိုက်ရိုက်ဝင်သွားလို့ ရရှိခဲ့တာဖြစ်ပြီး (၄၇)မိနစ်မှာ အသင်းခေါင်းဆောင် စတာလင်နဲ့ (၅၀)မိနစ်မှာ ဂျေးဇူးတို့က နောက်ထပ်ဂိုးတွေ သွင်းယူခဲ့ပါတယ်။ (၇၇)မိနစ်မှာ ၀ိှုက်တိတ်ကာက ဆွမ်ဆီးအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းပေမဲ့ ပွဲအဖြေကို သက်ရောက်မှုရှိနိုင်တဲ့အဆင့်တော့ မရောက်ခဲ့ပါဘူး။

Most Read

Most Recent