စီရော်နယ်လ်ဒို၏ လာလီဂါစံချိန်တစ်ခုကို အက်သလက်တီကိုတိုက်စစ်မှူး ဆွာရက်ဇ် ချိုးဖျက်

စီရော်နယ်လ်ဒို၏ လာလီဂါစံချိန်တစ်ခုကို အက်သလက်တီကိုတိုက်စစ်မှူး ဆွာရက်ဇ် ချိုးဖျက်
Photos : AFP
Photos : AFP
Published 10 February 2021

အက်သလက်တီကိုအသင်းမှ ဥရုဂွေး လက်ရွေးစင်တိုက်စစ်မှူး ဆွာရက်ဇ်သည်  ဆယ်လ်တာဗီဂိုအသင်းနှင့် (၂-၂)ဂိုးစီ သရေကျသည့်ပွဲတွင် အသင်းအတွက် နှစ်ဂိုးစလုံး သွင်းယူပြီးနောက် ရီးယဲလ်အသင်း၌ကစားခဲ့စဉ် စီရော်နယ်လ်ဒို တင်ရှိထားသည့် လာလီဂါစံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဆွာရက်ဇ်သည် အက်သလက်တီကိုအသင်းအတွက် ကစားသည့် လာလီဂါပထမဆုံး ၁၇ ပွဲတွင်  ၁၆ ဂိုးအထိ သွင်းယူခဲ့ပြီး ၂၀၀၉-၁၀ ရာသီ က စီရော်နယ်လ်ဒို ရီးယဲလ်အသင်းတွင် ၁၇ ပွဲတွင် ၁၅ ဂိုးသွင်းယူနိုင်သည့်စံချိန်ကို ကျော်ဖြတ်ကာ ၂၁ ရာစုအတွင်း လာလီဂါပြိုင်ပွဲဝင် အသင်းအတွက် ၁၆ ဂိုးကို ပွဲအနည်းဆုံးနှင့် သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ဆွာရက်ဇ်သည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် သူ၏သွင်းဂိုးများဖြင့် အသင်းအတွက် ရမှတ်အများဆုံး ရယူပေးနိုင်သည့်ကစားသမားအဖြစ် ၁၂ မှတ်အထိ ရရှိ စေခဲ့ကြောင်း သိရသည်။ ဆွာရက်ဇ်အနေဖြင့် နောက်ဆုံးကစားထားသည့် လာလီဂါပွဲစဉ် ကိုးပွဲတွင် ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။ 

လီဗာပူးလ်အသင်းဖော်ဟောင်းနှင့်  လက်ရှိ ဆယ်လ်တာဗီဂိုတိုက်စစ်မှူးဖြစ်သူ အက်စ်ပတ်စ်က "သူ(ဆွာရက်ဇ်)ဟာ စစ်မှန်တဲ့ တိုက်စစ်ကစားသမားတစ်ယောက်ပါ။  လေ့ကျင့်ရေးပွဲတွေမှာတောင် အနိုင်ရချင်သူဖြစ်ပါတယ်"ဟု ချီးကျူးပြောကြားခဲ့သည်။ 

Most Read

Most Recent