AFC Cup ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းပြီးမှ နုတ်ထွက်ပါက ဒဏ်ကြေးပေးဆောင်ရမည်

AFC Cup ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းပြီးမှ နုတ်ထွက်ပါက ဒဏ်ကြေးပေးဆောင်ရမည်
Photo: AFC
Photo: AFC
Published 10 February 2021

 

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၁ AFC Cup ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းပြီးမှ နုတ်ထွက်သည့်အသင်းများကို ဒဏ်ကြေးပေးဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။ 

AFC သည် ယှဉ်ပြိုင်ခွင့်ရသည့်အဆင့် အပေါ်မူတည်၍ ဒဏ်ကြေးများ သတ်မှတ်ထားခြင်းဖြစ်ပြီး အကြိုခြေစစ်ပွဲအဆင့်မှ နုတ်ထွက်ပါက ဒေါ်လာ ၂၀၀၀၀၊ ခြေစစ်ပွဲ Play-0ff အဆင့်မှ နုတ်ထွက်ပါက ဒေါ်လာ ၃၀၀၀၀၊ အုပ်စုအဆင့်မှ နုတ်ထွက်ပါက ဒေါ်လာ ၅၀၀၀၀၊ ရှုံးထွက်အဆင့်မှ နုတ်ထွက်ပါက ဒေါ်လာ တစ်သိန်း ပေးဆောင်ရမည်ဖြစ်သည်။ 

ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းပြီးမှ နုတ်ထွက်ပါက ရောက်ရှိနေသည့်အဆင့် အပေါ်မူတည်၍ ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သည်။ ၂၀၂၁ AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ်နှစ်သင်း ယှဉ်ပြိုင်ခွင့်ရရှိထား ပြီး အုပ်စုအဆင့်တွင် ရှမ်းယူနိုက်တက်အသင်း၊ ခြေစစ်ပွဲ Play-off အဆင့်တွင် ဟံသာဝတီ အသင်းတို့ ယှဉ်ပြိုင်ခွင့်ရထားသည်။ မြန်မာကလပ်အသင်းများသည် AFC Cup ပြိုင်ပွဲ တွင် ၂၀၁၂ ခုနှစ်မှစ၍ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အကြိမ်တိုင်းနုတ်ထွက်ခြင်းမရှိဘဲ ပုံမှန်အတိုင်း ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ် ခုနစ်သင်း ယှဉ်ပြိုင်ခွင့်ရထားပြီး ဟံသာဝတီ အသင်းမှာမူ ပထမဆုံးယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော်၊ ရတနာပုံ၊ ရှမ်းယူနိုက်တက်၊ မကွေးနှင့် ဟံသာဝတီအသင်း ယှဉ်ပြိုင်ခွင့်ရထားခြင်းဖြစ်သည်။ မြန်မာကလပ်အသင်းများတွင် ရန်ကုန်အသင်းက အကြိမ်အများဆုံး ယှဉ်ပြိုင်ခွင့်ရထားပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ နောက်ဆုံးလေးကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရထားခြင်းဖြစ်သည်။ 

Most Read

Most Recent