နွေရာသီတွင် လမ်းခွဲမည်ဟု သတင်းထွက်နေသည့် အသင်းခေါင်းဆောင် မက်ဆီသည် ဘာစီလိုနာအသင်း၌ အလွန်ပျော်ရွှင်နေကြောင်း အသင်းဖော် ပီကေး မှတ်ချက်ပြု

နွေရာသီတွင် လမ်းခွဲမည်ဟု သတင်းထွက်နေသည့် အသင်းခေါင်းဆောင် မက်ဆီသည် ဘာစီလိုနာအသင်း၌ အလွန်ပျော်ရွှင်နေကြောင်း အသင်းဖော် ပီကေး မှတ်ချက်ပြု
Photos : Getty Images
Photos : Getty Images
Published 10 February 2021

ဘာစီလိုနာအသင်းနောက်ခံလူ ပီကေး က လာမည့်နွေရာသီတွင် အသင်းနှင့်လမ်းခွဲဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည့် အသင်းခေါင်းဆောင် မက်ဆီသည် အသင်း၌ အလွန်ပျော်ရွှင်နေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

မက်ဆီသည် ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသည့်စာချုပ်မှာ ယခုရာသီကုန် တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး PSG အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်း များ ထွက်ပေါ်လျက်ရှိသည်။ " နွေရာသီမှာတော့ အကြောင်းအရာအစုံ ဖြစ်ပျက်ခဲ့ပြီး လီယို(မက်ဆီ) ဘာစီလိုနာအသင်းမှာ ဆက်ရှိနေတဲ့ အကောင်းဆုံးနည်းလမ်းနဲ့ အပြီးသတ်ခဲ့ပါတယ်။ အခုချိန်မှာ သူ အရမ်းပျော်ရွှင်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော့်ဘေးမှာ သူရှိနေတာဟာ အောင်မြင်မှုအတွက် အာမခံချက်တစ်ခုဖြစ်ပါတယ်" ဟု ပီကေးက Goal.com သို့ ပြောကြားခဲ့သည်။ အသက် ၃၄ နှစ်ပြည့်ခဲ့သည့် လာမာစီယာအကယ်ဒမီထွက် ပီကေးက မိမိအနေဖြင့် ဘာစီလိုနာအသင်း၌ပင် ကစားသမားဘဝ ကုန်ဆုံးမည်ဟု အတည်ပြုခဲ့သည်။

မက်ဆီသည် နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းအင်းပြုစုရေးအ ဖွဲ့(IFFHS) သည် ဆယ်စုနှစ်၏ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ဘာစီလိုနာနှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ IFFHS သည် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဖြတ်သန်းခဲ့သည့် ကစားသမားများထဲမှ အကောင်းဆုံးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မက်ဆီက အဓိကပြိုင်ဘက် စီရော်နယ်လ်ဒိုကို ကျော်ဖြတ်ကာ နောက်ဆုံး ဆယ်စုနှစ်၏ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ 

IFFHS က မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ နှစ်ဦးထဲမှ အကောင်းဆုံးတစ်ဦးကို ရွေးချယ်ရသည်မှာ အလွန်ခက်ခဲကြောင်းနှင့် မဲရလဒ်မှာလည်း ကွာခြားမှုအနည်းငယ်သာ ရှိခဲ့ကြောင်း ဆိုခဲ့သည်။ စီရော်နယ်လ်ဒိုသည် ယင်းကာလ အတွင်း ချန်ပီယံလိဂ်ဖလား လေးကြိမ်အထိ ရယူနိုင်ခဲ့သော်လည်း မက်ဆီက တည်ငြိမ်သည့်ခြေစွမ်းကို ပိုမိုပြသနိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရွေးချယ်ခံရခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိခဲ့သည်။ 

Most Read

Most Recent