ဘာစီလိုနာနှင့်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ဒီမာရီယာ လွဲချော်ဖွယ်ရှိနေ

ဘာစီလိုနာနှင့်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ဒီမာရီယာ လွဲချော်ဖွယ်ရှိနေ
Photo: PSG
Photo: PSG
Published 10 February 2021

PSG ၀ါရင့်တောင်ပံကစားသမား ဒီမာရီယာသည် ဘာစီလိုနာအသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ ဒီမာရီယာသည် ဖေဖော်ဝါရီ (၇)ရက်က ကစားခဲ့သည့် ပြင်သစ်လီဂူးပွဲစဉ် မာဆေးလ် (၀-၂) PSG ပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၁၁)မိနစ်၌ ဆာရာဘီယာနှင့် လူစားလဲခဲ့ရသည်။ 

ထို့ကြောင့် PSG နည်းပြ ပိုချက်တီနိုက ပေါင်ဒဏ်ရာရရှိထားသည့် ဒီမာရီယာအနေဖြင့် ဖေဖော်ဝါရီ (၁၆)ရက်တွင် ကစားမည့် ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

ပိုချက်တီနိုက "ဒီမာရီယာအနေနဲ့ ဘာစီလိုနာအသင်းနဲ့ပွဲမှာ ပါဝင်ကစားဖွယ် မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ သူ့ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲစဉ်တိုင်းမှာ အကောင်းဆုံးလူစာရင်းနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။  ဒီမာရီယာဟာ ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

PSG အသင်း၏ ဆေးအဖွဲ့သည် ဒီမာရီယာ၏ ဒဏ်ရာအခြေအနေကို စစ်ဆေးနေဆဲဖြစ်ပြီး မည်မျှအနားယူရမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ 

ဒီမာရီယာသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၂၅)ပွဲတွင် (၅)ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု (၁၂)ကြိမ် ပြုလုပ်ထားသည်။ 

Most Read

Most Recent