မိုချန်ဂလာဘတ်နှင့် မန်စီးတီးပွဲကို ဟန်ဂေရီနိုင်ငံတွင် ယှဉ်ပြိုင်ကစားရမည်

မိုချန်ဂလာဘတ်နှင့် မန်စီးတီးပွဲကို ဟန်ဂေရီနိုင်ငံတွင် ယှဉ်ပြိုင်ကစားရမည်
Photo: Getty Images
Photo: Getty Images
Published 9 February 2021

မန်စီးတီးအသင်းသည် မိုချန်ဂလာဘတ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဟန်ဂေရီနိုင်ငံတွင် ကစားရမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်  ပထမအကျော့ပွဲစဉ်ကို မိုချန်ဂလာဘတ်အသင်းက အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သော်လည်း ဂျာမနီအစိုးရက ဗြိတိန်ခရီးသွားများကို ဝင်ရောက်ခွင့် ကန့်သတ်ပိတ်ပင်ထားသည့်အတွက် ကြားကွင်းတွင် ကစားရန် စီစဉ်ခဲ့ရခြင်းဖြစ်သည်။ 

UEFA က မိုချန်ဂလာဘတ်-မန်စီးတီးပွဲကို ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှ Puskas Arena ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းနှင့် ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်၏ ကူညီပေးမှုကို ကျေးဇူးတင်ကြောင်းလည်း ဆိုခဲ့သည်။ 

ဂျာမန်ကလပ် လိုက်ပ်ဇစ်နှင့် လီဗာပူးလ်တို့၏ ချန်ပီယံလိဂ်ပွဲကိုလည်း ယင်းကွင်းတွင်ပင် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent