■ ဂျပန်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ကူး ပြောင်းမှုဖြစ်စဉ်အား ပြောင်းပြန်ပြောင်းလဲ သွားစေသည့် လုပ်ဆောင်မှုများကို ဆန့်ကျင် ကြောင်းနှင့် ဒီမိုကရေစီစနစ် အမြန်ဆုံးပြန် လည်ရရှိရေးအတွက် တပ်မတော်ကို တိုက် တွန်းကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သဘောထားထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ကူးပြောင်း မှုဖြစ်စဉ် ဆုံးရှုံးခဲ့ရခြင်းကိုအလွန ်စိုးရိမ်ပူပန် ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ ဝင်ထိန်းသိမ်းခံခဲ့ရသူများကို အမြန်ဆုံးပြန် လွှတ်ပေးရန်လည်းတိုက်တွန်းထားသည်။
■ ဥရောပသမဂ္ဂ
ဥရောပကောင်စီ ဥက္ကဌ ချားမစ်ချယ်က တပ်မတော် အာဏာသိမ်းမှုကို ပြင်းပြင်းထန် ထန် ရှုတ်ချခဲ့သည်။
“ရွေးကောက်ပွဲရလဒ်ကို လေးစားမှု ရှိ ရမှာဖြစ်ပြီး ဒီမိုကရေစီ ဖြစ်စဉ်ကို ပြန်လည် ထိန်းသိမ်းဖို့ လိုအပ်မှာဖြစ်တယ် “ ဟု ဘယ် ဂျီယံဝန်ကြီးချုပ်ဟောင်းက တွစ်တာမှ ပြော ကြားခဲ့သည်။
■ ဂျီ-၇ အုပ်စု
ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအချို့ ပါဝင် သည့် ဂျီ-၇ အုပ်စု၏နိုင်ငံခြားရေး ဝန်ကြီးများ က မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာ သိမ်းသည်ကို အလွန်စိုးရိမ်သည်ဟု ဖေဖော် ၀ါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ “ ဒေါ် အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ အ ရပ်ဘက်လူ့အဖွဲ့အစည်းက တက်ကြွ လှုပ်ရှား သူတွေကို ထိန်းသိမ်းထားတာ၊ မီဒီယာကို ပစ် မှတ်ထားနေတာနဲ့ ပတ်သက်လို့ ကျွန်တော် တို ့ အလွန်စိုးရိမ်ပါတယ်” ဟု လန်ဒန်မှ ထုတ် ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် ဖော်ပြ ခဲ့သည်။
နိုဝင်ဘာရွေးကောက်ပွဲများနှင့် ပတ်သက်၍ မသမာမှုဖြစ်ပေါ်ခဲ့ကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်၍ တပ်မတော်နှင့် အရပ်သားအစိုးရအဖွဲ့တို့အကြား သီတင်းပတ်အတန်ကြာ တင်းမာမှုများ မြင့်တက်လာခဲ့ပြီး နောက် ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ထိန်းသိမ်းခဲ့သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ရမန်ယူထား ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများထွက်ပေါ်ခဲ့ပြီး NLD ပါတီ ဗဟိုပြန် ကြားရေး ကော်မတီအဖွဲ့ဝင် ဦးကြည်တိုးက ၎င်း၏ Facebook အကောင့်တွင် ဖေဖော်ဝါရီ ၃ ရက်က ရေးသားထားရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့်လည်းကောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဥပဒေဖြင့် လည်းကောင်း နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှ ချုပ်ရမန် ၁၄ ရက် (ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ) ပေးလိုက်ကြောင်း ခိုင်လုံသည့် သတင်းအရ သိရသည်ဟု ဖော်ပြထားသည်။
ယင်းတို့နှင့်ပတ်သက်၍ ထွက်ပေါ်လာ သည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန် မှုများကို Eleven Media Group အယ်ဒီတာအဖွဲ့က အောက်ပါအတိုင်း စုစည်းတင် ပြအပ်ပါသည်။
■ ကုလသမဂ္ဂ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများအား တပ်မတော်၏ ဖမ်းဆီးထားမှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြင်းထန်စွာ ရှုတ်ချခဲ့သည်။
“မြန်မာနိုင်ငံရဲ့ လွှတ်တော်သစ် အဖွင့်အစည်းအဝေးမတိုင်ခင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြား နိုင်ငံရေးခေါင်းဆောင် တွေကို ထိန်းသိမ်းမှုအပေါ် အတွင်းရေးမှူး ချုပ်က အပြင်းအထန် ရှုတ်ချပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ် စတီဗင်ဒူဂျာရစ်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ယင်းအခြေအနေများသည် မြန်မာနိုင်ငံ တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုအဖြစ် ပြသနေသည်ဟု ဒူဂျာရစ်က ပြောကြားခဲ့သည်။
နိုဝင်ဘာလက ကျင်းပခဲ့သည့် ရွေး ကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် အများ၏ ထောက်ခံမှုအရ ခိုင်မာသည့် အာဏာကို ရရှိစေခဲ့ပြီး အလွန်ခက်ခဲ့သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းရန် မြန်မာပြည်သူများ၏ ရှင်းလင်းပြတ်သားသည့် ဆန္ဒကို ထင်ဟပ်စေခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့်လည်း ပြည်သူများ၏ ဆန္ဒကို လေးစားရန်နှင့် မည်သည့်မတူကွဲ ပြားမှုမျိုးကိုမဆို ငြိမ်းချမ်းစွာဆွေးနွေးမှုများ ဖြင့် အဖြေရှာပြီး ဒီမိုကရေစီစံနှုန်းများကို လိုက်နာစောင့်ထိန်းရန် ယင်းအစီရင်ခံစာတွင် တိုက်တွန်းခဲ့သည်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုအတွက် ကြီးမားတဲ့ အကျိုးစီးပွားတွေအရ ခေါင်းဆောင်အားလုံး လုပ်ဆောင်ရ ပါမယ်။ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ဖို့ နဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်ကို အပြည့်အဝ လေးစားရမှာဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
မြန်မာ့တပ်မတော်၏ အာဏာသိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း လက်ရှိ လုံခြုံရေးကောင်စီဥက္ကဋ္ဌ နေရာ ရယူထား သည့် ဗြိတိန်နိုင်ငံက ဖေဖော်ဝါရီ ၁ ရက် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၂ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်ထားပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအား အကြောင်းကြားထားပြီး ဖြစ်ကြောင်း ဗြိတိန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဘာဘရာဝုဒ်ဝေါ့ဒ်က ပြောကြားခဲ့သည်။
ဘာဘရာဝုဒ်ဝေါ့ဒ်က လုံခြုံရေးကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက အနိုင်ရရှိခဲ့သည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲများ ကျင်းပပုံ နည်းလမ်းများအား ကြည့်ရှုသွားမည်ဖြစ်ပြီး တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားခေါင်းဆောင်များ လွတ်ပေးရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝုဒ်ဝေါ့ဒ်က “လောလောဆယ်ဆယ်မှာ အရေးယူဖို့နည်းလမ်းတွေနဲ့ ပတ်သက်ပြီး စိတ်ကူးအတိအကျတော့ မရှိသေးပါဘူး”ဟု ဆိုသည်။ သို့သော် ကုလသမဂ္ဂ၏ အရေးယူမှုမှာ ပိတ်ဆို့မှုများ ပြုလုပ်ခြင်း ဖြစ်လေ့ရှိ သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိကလည်း မြန်မာနိုင်ငံရှိ အ ခြေအနေရပ်များနှင့်ပတ်သက်၍ အလွန်အ မင်း စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှယ်လီဘာရှယ်လေးက လူပေါင်း ၄၅ ဦးကို ထိန်းသိမ်းလိုက်ကြောင်း သတင်းများကြောင့် ၎င်းတို့အား ချက်ချင်း ပြန် လွှတ်ပေးရန် တောင်းဆိုလိုက်ကြောင်းလည်း ပြောကြားခဲ့သည်။
“အတိုက်အခံတို့၏ အသံများအား ပြင်း ထန်စွာ နှိမ်နင်းမည်ကို အလွန်အမင်း စိုးရိမ် ကြောင်းနှင့် မလိုလားအပ်သော သို့မဟုတ် အလွန်အကျွံဖြစ်သော အင်အားများ သုံးစွဲ ခြင်းကို ရှောင်ရှားရန် တပ်မတော်ကို တောင်း ဆိုလိုက်ကြောင်းလည်း ဘာရှယ်လေးက ပြော ကြားခဲ့သည်။
တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကိုချက်ချင်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ ဆက်သွယ်ရေး ပြန်လည်ထူ ထောင်ရေးနှင့် တရားမဝင် အာဏာသိမ်းမှုကို ရပ်တန့်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အင်ဒရူးက တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံ၏အရေးပေါ်အခြေအနေသည် တပ်မတော်၏ ကိုယ်ပိုင်အုပ်ချုပ်မှု ဖြစ်ပြီး ပွင့်သစ်စ ဒီမိုကရေစီကို လျှောက်လှမ်း နေကြသည့် မြန်မာပြည်သူများအပေါ် ထိခိုက်စေခြင်းဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီး ခံရသည့်နိုင်ငံရေးသမားများနှင့်အတူ ကမ္ဘာ့ နိုင်ငံအသီးသီးက ရပ်တည်ကြောင်း ပြသရန် နှင့် အရေးယူတုံ့ပြန်မှုများ ပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တပ်မတော် အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ဆွေးနွေး ရန်နှင့် နိုင်ငံတကာမှ တုံ့ပြန်မှုများ ပြုလုပ်ရန် ဖေဖော်ဝါရီ ၂ ရက်တွင် အရေးပေါ် အစည်း အဝေးတစ်ရပ် ပြုလုပ်ခဲ့သော်လည်း လတ်တလောတွင် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု မရှိခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခရစ္စတင်းရှရနာကမူ တပ်မတော် အာဏာသိမ်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် လုံခြုံရေးကောင်စီ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကို ထောက်ခံကြောင်း ရှင်းလင်းပြတ်သားစွာ ထုတ်ဖော် ပြသရန်နှင့် မြန်မာနိုင်ငံအား သီးခြားခွဲပြီး ဖယ်ကြဉ်မထားရန် ပြောကြားခဲ့သည်။
သံတမန်များကလည်း ဒီမိုကရေစီကို ထိန်းသိမ်းရေးသည် အဓိကကျသည့် အချက် ဖြစ်ကြောင်း တံခါးပိတ်ပြုလုပ်သည့် အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲ အတွက် အကြိုပြင်ဆင်ထားသည့် အစီရင်ခံ စာ မူကြမ်းတွင် ပြောကြားခဲ့သည်။
သို့သော်လည်း ကုလသမဂ္ဂနှင့် အဖွဲ့ဝင် ၁၅ နိုင်ငံရှိသည့် လုံခြုံရေးကောင်စီမှ အလုံးစုံ ထောက်ခံမှုကို လိုအပ်သဖြင့် မြန်မာအရေး နှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
ထို့ပြင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နှင့် ရုရှား အထူးတာဝန်အဖွဲ့တို့ကလည်း ယင်း အကြောင်းအရာနှင့် ပတ်သက်ပြီး အချိန်ယူ လုပ်ဆောင်ရန် ပြောကြားခဲ့ကြသည်ဟု အမည်မဖော်လိုသည့် သံတမန်များက ဆို သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဖေဖော်ဝါရီလ ၂ ရက် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၃ ရက် နံနက်အစောပိုင်း) က ကျင်းပခဲ့သည့် မြန်မာ့အရေး အရေးပေါ် အစည်းအဝေး၌ တပ်မတော်အာဏာသိမ်းမှု နှင့် ပတ်သက်၍ ထုတ်ပြန်ချက်ထုတ်ရန် သဘောတူညီမှု မရခဲ့ကြောင်းနှင့် စေ့စပ် ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွား မည်ဟု ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲတက်ရောက်သူများက ပြော ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်အာဏာ သိမ်းခဲ့သည့် ဗိုလ်ချုပ်ကြီးများကို ရပ်တန်းက ရပ်ရန်နှင့်နောက်ပြန်ဆုတ်ရန် ဖိအားပေး သွားမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။
“ဒီဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူတွေ အားလုံးကို ဆော်သြစည်းရုံးဖို့နဲ့ ဒီအာဏာ သိမ်းမှုကို ကျရှုံးစေဖို့ နိုင်ငံတကာအသိုင်းအ ၀ိုင်းက လုံလောက်တဲ့ဖိအားပေးနိုင်ဖို့ လုပ်စ ရာရှိသမျှအရာအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ဂူတာရက်စ်က Washington Post သတင်းစာအား ပြော ကြားခဲ့သည်။
“ရွေးကောက်ပွဲရလာဒ်တွေနဲ့ ပြည်သူ တွေရဲ့ ဆန္ဒကို ပြောင်းပြန်လှန်မယ့်ကိစ္စဟာ လုံးဝကို လက်ခံနိုင်စရာမရှိပါဘူး”ဟု ဂူတာ ရက်စ်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဖေဖော်ဝါရီ ၄ ရက်တွင် တပ်မတော်က ဖမ်း ဆီးထိန်းသိမ်းထားသည့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပုဂ္ဂိုလ် များအား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေ ကြေ ညာထားမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် အာဏာသိမ်းမှုကို ပြစ်တင် ရှုတ်ချရန် စာသားကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က ဒေါ် အောင်ဆန်း စုကြည်နှင့် အခြားသူများအား ရွေးကောက်ပွဲ မသမာမှုစွဲချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နောက်တစ်ရက်အကြာ ဖေ ဖော်ဝါရီ ၂ ရက်တွင် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင် သည့် လုံခြုံရေးကောင်စီက ဆွေးနွေးမှု ပြု လုပ်ခဲ့သည်။
တပ်မတော်က အာဏာလွှဲပြောင်းရယူမှု သည် မြန်မာနိုင်ငံ၏ ရေရှည်ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ရပ်တန့်သွားစေခဲ့ပြီး အမေရိကန်နှင့် အခြားအနောက်တိုင်းနိုင်ငံ များထံမှ ပြစ်တင်ရှုတ်ချမှုများကို ခံရသည်။
ဗြိတိန်နိုင်ငံက မူကြမ်းရေးသားသည့် ကနဦးစာသားတွင် အာဏာသိမ်းမှုကို ပြစ် တင်ရှုတ်ချထားသော်လည်း နောက်ပိုင်းတွင် ဘာသာစကားအရ ပျော့ပျောင်းအောင် ပြု လုပ်ခဲ့ပုံရသည်။ ယင်းတွင် အာဏာသိမ်းမှုဟု သုံးနှုန်းခြင်း မပြုတော့ပေ။
ယင်းမှာ လုံခြုံရေးကောင်စီ၏ အရေးပါ သော လုပ်ဆောင်ချက်များ၌ မြန်မာနိုင်ငံကို အစဉ်အလာအရ ကာကွယ်ပေးတတ်သည့် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ထောက်ခံမှု ရရှိ နိုင်ရန် ဖြစ်သည်။
အများသဘောတူထားသည့် ထုတ်ပြန် ချက်တွင် ဒီမိုကရေစီအင်စတီကျူးရှင်းများနှင့် လုပ်ငန်းစဉ်များကို မြှင့်တင်ရန်၊ အကြမ်း ဖက်မှုများမှ ရှောင်ရှားရန်နှင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်များနှင့် တရားဥပဒေ စိုးမိုးရေးတို့အား လေးစားလိုက်နာရန် လုံခြုံ ရေးကောင်စီက အထူးပြုပြောကြားခဲ့သည်။
မြန်မာပြည်သူပြည်သားများ၏ ဆန္ဒနှင့် အကျိုးစီးပွားတို့နှင့်အညီ တွေ့ဆုံဆွေးနွေးမှု နှင့် ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ရန် လုံခြုံရေးကောင်စီက တိုက်တွန်းကြောင်း လည်း ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် ခရစ္စတင်းရှရနာ ဘာဂျန်နာတို့ ဖေဖော်ဝါရီ ၅ ရက် တွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအား အရေးပေါ်အခြေအနေကြေညာခဲ့ရမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က အသေးစိတ်ရှင်းလင်းခဲ့ ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအကြိုကာလအခြေအနေ၊ ရွေးကောက်ပွဲပြီးစီးသည့်နောက်ပိုင်း အခြေအနေနှင့် အရေးပေါ်ကာလကြေညာပြီးနောက်ပိုင်းအခြေအနေ အသေးစိတ်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်း ချက်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် တည်ဆဲပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီဆောင်ရွက်ခဲ့မှုအခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် သတင်းထုတ်ပြန်မှုများ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့မှုများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ၁၀ ဒသမ ၄ သန်းကျော် မဲစာရင်းထပ်နေမှုအား ပွင့်လင်း မြင်သာစွာ ဖြေရှင်းပေးနိုင်ရေးတင်ပြမှုနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တုံ့ပြန်မှုတို့ကိုလည်းကောင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွှတ်တော် အစည်းအဝေးခေါ်ယူကျင်းပခွင့်ကို လွှတ် တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးတင်ပြသော်လည်း လွှတ်တော် နာယကမှ ပယ်ချမှုအခြေအနေကိုလည်း ကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်အဆင့် အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီခေါ် ယူခွင့် တင်ပြချက်အပေါ်တွင် နိုင်ငံတော် သမ္မတရုံးမှ ပယ်ချမှုအခြေအနေ၊ တတိယ အကြိမ် လွှတ်တော်အစည်းအဝေးခေါ်ယူရန် ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို တပ်မတော်မှ အဆင့်ဆင့်တင်ပြခြင်း၊ အသိ ပေးခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ် ခဲ့သည့်အခြေအနေများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အ သေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး မရှင်းလင်း သည့် အချက်များကိုအပြန်အလှန် ဆွေး နွေး ခဲ့ကြကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ထို့နောက် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့်အညီ ဆောင်ရွက်ခဲ့မှု၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဖွဲ့စည်းမှု၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းမှု၊ ခရိုင် နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အသီ းသီးဖွဲ့ စည်းထားမှုအခြေအနေများကို ဆက် လက် ဆွေးနွေးခဲ့ကြကြောင်းတပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က သိရှိလိုသည်များနှင့် မရှင်းလင်းသည့်အချက်များ ပြန်လည်ဆွေးနွေးမှု များအပေါ် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြီးနောက် ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ထို့ပြင် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ထံသို့ တပ်မတော် သတင်းမှန် ပြန် ကြားရေးအဖွဲ့၏ သဘောထားထုတ် ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲနှင့် အပြန်အလှန် ဆွေးနွေးချက်များအား Soft Copy ဖြင့် ဆက်လက်ပေးပို့ခဲ့ကြောင်း သိရသည်။
■ အမေရိကန်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းထားသော အစိုးရအဖွဲ့ တာဝန်ရှိသူများကို ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စုက ဖေဖော်ဝါရီ ၁ ရက်တွင် တောင်းဆိုလိုက် ပြီး အာဏာသိမ်းခြင်း ဖြစ်ပုံရသည့်အပေါ် အမေရိကန်အစိုးရမှနေ၍ တုံ့ပြန်မှုတစ်ရပ် ပြုလုပ်ရန် သတိပေးလိုက်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုသည် မကြာသေးမီက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ် ကို ပြောင်းလဲရန်လည်းကောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပိတ်ဆို့တားဆီးခြင်းကိုလည်းကောင်း၊ ကြိုးပမ်းမှုမှန်သမျှအား ဆန့်ကျင်ပြီး ယင်းခြေလှမ်းများ အား ပြန်လည်ပြောင်းလဲခြင်း မပြုခဲ့လျှင် သက်ဆိုင်ရာ တာဝန်ရှိသူများအား အရေးယူ ဆောင်ရွက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရ အမျိုးသမီး ယန်ဆာကီက ထုတ်ပြန်ချက်တစ်ရပ်၌ ပြော ကြားထားသည်။
“ဒီမိုကရေစီစံနှုန်းများနှင့် တရားဥပဒေ စိုးမိုးရေးတို့အား လိုက်နာရန်နှင့် ယနေ့ ထိန်းသိမ်းလိုက်သူများအား ပြန်လွှတ်ပေးရန် ကျွနု်ပ်တို့အနေဖြင့် တပ်မတော်နှင့် အခြား သက်ဆိုင်ရာ အားလုံးတို့အား တောင်းဆို လိုက်သည်”ဟု ၎င်းင်းက ပြောကြားထားသည်။
မြန်မာ့တပ်မတော်၏ လုပ်ဆောင်မှု သည် အာဏာသိမ်းမှုမြောက်သည်ဟု ၀ါရှင် တန်က ဖေဖော်ဝါရီ ၂ ရက်တွင် တရားဝင် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံအား ကူညီ ထောက်ပံ့မှုများကို ဥပဒေအရ ရပ်ဆိုင်းသွား မည်ဟု ပြောကြားခဲ့သည်။
“ဖေဖော်ဝါရီလ ၁ ရက်က မြန်မာ့ တပ် မတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ မှန်မှန် ကန်ကန် ရွေးကောက်ခံထားရတဲ့ အစိုးရအဖွဲ့ ကို ဖြုတ်ချခဲ့တာကြောင့် စစ်အာဏာသိမ်း မှုဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်ခဲ့ပါ တယ်” ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ နက်ပရိုက်စ်က သတင်းထောက်များ အား ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီကို လေးစားထောက်ခံရန် တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း မိတ်ဖက်များနှင့်အတူ ဆက်လက်၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု လည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယခုတွင် ဥပဒေကြောင်းအရ အတည်ပြုလိုက်ပြီဖြစ်သဖြင့် မြန်မာအစိုးရအား ကူညီ ထောက်ပံ့မှုများကို ရပ်ဆိုင်းသွားမည်ဖြစ်သော်လည်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကိုဆက်လက်ထောက်ပံ့သွားမည်ဟု ဆို သည်။
မြန်မာအစိုးရအတွက် ငွေကြေးမည်မျှ ထောက်ပံ့ပေးခဲ့သနည်း ဆိုသည့်မေးခွန်းကို မေးမြန်းခံရချိန်တွင် အလွန်နည်းပါးသည့် ပမာဏသာရှိခဲ့သည်ဟု ပရိုက်စ်က ဖြေကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဌာနကမူ ၀ါရှင်တန်သည် လူသားချင်းစာနာထောက်ထားသည့် အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ အပေါ်ထောက်ပံ့မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်သွားမည်ဟု ပြောကြားခဲ့ သည်။
အမေရိကန်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် ဆယ်စုနှစ်တစ်စု ကာလအတွင်း ရုပ်သိမ်းပေးခဲ့သည့် ပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ရန် စဉ်းစား နေသည်ဟု သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၁ ရက်တွင်အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးဖြစ် သည်။
၀ါရှင်တန်သည် ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ၊ ပြည်တွင်းငြိမ်းချမ်း ရေးနှင့် အကြမ်းဖက်မှုများခံစားနေသည့် လူမျိုးစုများကို ထောက်ပံ့ပေးရန်အတွက် ဒေါ်လာ ၁.၅ ဘီလျံ ကူညီပံ့ပိုးပေးခဲ့သည်ဟု နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဌာနမှ အမည်မဖော်လို သည့် အခြားအရာရှိတစ်ဦး၏ အဆိုအရ အမေရိကန်သည် တပ်မတော်အာဏာသိမ်း မှုဖြစ်ပွားပြီးချိန်ကတည်းက မြန်မာနိုင်ငံ၏ အရပ်ဘက် ခေါင်းဆောင်များ သို့မဟုတ် စစ် ဘက်ခေါင်းဆောင်များနှင့် အဆက်အသွယ် မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အမေရိကန်သည် ၎င်း၏ နီးစပ်သည့် မဟာမိတ်များဖြစ်ပြီး မြန်မာ စစ်တပ်နှင့် ဆက်ဆံမှုရှိသည့် ဂျပန်၊ အိန္ဒိယ တို့နှင့် နေ့စဉ်နှင့်အမျှ စကားပြောဆို ဆက် သွယ်မှုများရှိနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်၏ လုပ်ဆောင်မှုသည် အာဏာသိမ်းမှုမြောက်သည်ဟု ၀ါရှင်တန်က ဖေဖော်ဝါရီ ၂ ရက်တွင် တရားဝင် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံအား ကူညီ ထောက်ပံ့မှုများကို ဥပဒေအရ ရပ်ဆိုင်းသွား မည်ဟု ပြောကြားခဲ့သည်။
“ဖေဖော်ဝါရီလ ၁ ရက်က မြန်မာ့တပ် မတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ မှန်မှန် ကန်ကန်ရွေးကောက်ခံထားရတဲ့ အစိုးရအဖွဲ့ ကို ဖြုတ်ချခဲ့တာကြောင့် စစ်အာဏာသိမ်း မှုဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်ခဲ့ပါ တယ်” ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိ သူ နက်ပရိုက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီကို လေ့ စားထောက်ခံရန် တစ်ကမ္ဘာလုံးနှင့် ဒေသ တွင်း မိတ်ဖက်များနှင့်အတူ ဆက်လက်၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယခုတွင် ဥပဒေကြောင်းအရ အတည် ပြုလိုက်ပြီဖြစ်သဖြင့် မြန်မာအစိုးရအား ကူညီ ထောက်ပံ့မှုများကို ရပ်ဆိုင်းသွားမည်ဖြစ် သော်လည်း အစိုးရမဟုတ်သည့် အဖွဲ့အစည်း များကိုဆက်လက်ထောက်ပံ့သွားမည်ဟု ဆို သည်။
အမေရိကန်နိုင်ငံခြားရေးဌာနကမူ ၀ါ ရှင်တန်သည် လူသားချင်းစာနာထောက်ထား သည့် အစီအစဉ်များကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ အပေါ်ထောက်ပံ့မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်သွားမည်ဟု ပြောကြားခဲ့ သည်။
အမေရိကန်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းသည့် ဆယ်စုနှစ် တစ်စုကာလအတွင်း ရုပ်သိမ်းပေးခဲ့သည့် ပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ရန် စဉ်းစား နေသည်ဟု သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၁ ရက်ကတည်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့ သည်။
■ ဗြိတိန်
အာဏာသိမ်းမှုနှင့် ဒေါ်အောင်ဆန်းစု ကြည်အား ထိန်းသိမ်းထားမှုကို ဗြိတိန်ဝန် ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရှုတ်ချခဲ့သည်။
“လူထုမဲကို လေးစားရမှာဖြစ်ပြီး အရပ် သားခေါင်းဆောင်တွေကို လွှတ်ပေးရပါ မယ်”ဟု ၎င်းက Twitter တွင် ရေးသားခဲ့ သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်းကို ဖေဖော်ဝါရီ ၁ ရက်တွင် ဆင့်ခေါ် ပြီး တပ်မတော်၏ အာဏာသိမ်းယူမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားများအား ဖမ်းဆီးထိန်းသိမ်းထားမှုမှ ပြန်လွှတ်ပေးရန်နှင့် ၎င်းတို့၏ လုံခြုံရေးကို အာမခံပေးရန် တောင်းဆိုကြောင်း သ တင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ လမ်း ကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအ တွက် ဗြိတိန်အစိုးရက နိုင်ငံတကာနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားထားသည်။
မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား တရားစွဲဆိုမှုကို ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး ဒိုမင်နစ်ရပ်ဘ်က ဖေဖော်ဝါရီ ၄ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး သူ့အား ချက်ချင်း လွှတ်ပေးရန် တောင်းဆိုလိုက် ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားရွေး ကောက်ခံကိုယ်စားလှယ်တွေကို ဖမ်းဆီး ထိန်းသိမ်းပြီး တရားစွဲဆိုမှုကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ သူတို့ကို ချက်ချင်း လွှတ်ပေးရမှာဖြစ်ပြီး တရားစွဲဆိုထားမှုတွေကိုလည်း ရုပ်သိမ်းရမှာ ဖြစ်ပါတယ်”ဟု ဒိုမင်နစ်ရပ်ဘ်က Twitter ၌ ရေးသားခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်းကို ဖေဖော်ဝါရီ ၁ ရက်တွင် ဆင့်ခေါ် ပြီး တပ်မတော်၏ အာဏာသိမ်းယူမှုနှင့် ပတ် သက်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း ပြော ကြားခဲ့သည်ဟု အဆိုပါဝန်ကြီးဌာနက သ တင်းထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားများအား ဖမ်းဆီးထိန်းသိမ်းထား မှုမှ ပြန်လွှတ်ပေးရန်နှင့် ၎င်းတို့၏ လုံခြုံရေး ကို အာမခံပေးရန် တောင်းဆိုကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် ဗြိတိန်အစိုးရက နိုင်ငံတကာနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားထားသည်။
■ တရုတ်
“တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ရင်းနှီးတဲ့ အိမ်နီးချင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဘက်အသီး သီးအနေနဲ့ နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှု တွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တရားဥပဒေမူဘောင် အောက်မှာ သူတို့ရဲ့ ကွဲလွဲမှုတွေကို သင့်တင့် လျှောက်ပတ်စွာ ဖြေရှင်းကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်းဘင်က သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံတွင်တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းသည် အစိုးရအဖွဲ့ အပြောင်းအလဲ ပြန်လည်ပြု လုပ်ခြင်းသာဖြစ်သည်ဟု အာဏာသိမ်း သည့်အသုံးအနှုန်းကို ရှောင်လွှဲပြီး အာဏာလွှဲပြောင်းရယူခဲ့သည်ဟုသာ တရုတ်နိုင်ငံ ပိုင်မီဒီယာတွင် သုံးနှုန်းဖော်ပြခဲ့သည်။
မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအနေဖြင့် ၎င်းတို့၏သဘောထားကွဲလွဲချက် များကို ဖြေရှင်းကြရန် တရုတ်က တောင်းဆို ခဲ့ပြီး စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ဝန်ကြီးနေရာများကိုအစားထိုးခြင်းသည် အ ဓိက အစိုးရအဖွဲ့ဝန်ကြီးအပြောင်းအလဲ တစ်ရပ်ဖြစ်သည်ဟု ဆင်ဟွာသတင်းအေ ဂျင်စီတွင် ဖေဖော်ဝါရီ ၁ ရက်၌ ဖော်ပြခဲ့သည်။
စစ်တပ်၏ အာဏာလွှဲယူမှုသည် နိုင်ငံ ၏ လက်တွေ့မကျသော အာဏာတည် ဆောက်မှုအား ပြုပြင်ပြောင်းလဲပေးလိုက် သည်ဟု ရှုမြင်နိုင်ကြောင်း အမည်မဖော်လို သည့်ကျွမ်းကျင်သူများက ပြောကြားချက်ကို အမျိုးသားရေး Global Times သတင်းစာတွင် ကိုးကားဖော်ပြခဲ့သည်။
ယင်းသတင်းစာသည်တရုတ်ဝေဖန်ရေးသမားများကိုဆန့်ကျင်သော ရန်လိုသည့် မှတ်ချက်စကားများ ကို ဖော်ပြလေ့ရှိ သည်ဟု လူသိများသည်။
ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း လက်ခံရန်ငြင်းဆိုခဲ့သည့်အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်နှင့် ၎င်းအား ထောက်ခံသူများက လွှတ်တော်အစည်းအ ဝေးခန်းမဖြစ်သည့် Capitol အဆောက်အအုံကို ဝင်ရောက်စီးနင်းမှုများသည် မြန်မာ စစ်တပ်အား အာဏာသိမ်းရန် စေ့ဆော်မှု များဖြစ်စေခဲ့ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူ အချို့က သုံးသပ်ခဲ့သည်။
ပေကျင်းသည် ၎င်းင်း၏ လူ့အခွင့်အရေး မှတ်တမ်းများအပေါ် ဝေဖန်မှုများကဲ့သို့ ၎င်းင်း ၏ ပြည်တွင်းရေး ကိစ္စများကို ဝင်ရောက်စွက် ဖက်မှုအဖြစ် ရှုမြင်သည့်အရာမှန်သမျှကို ကာလကြာရှည် ပြင်းထန်စွာ ငြင်းဆိုခဲ့ပြီး အခြားပြည်ပနိုင်ငံများ၏ ပြည်တွင်းရေးရာ အများစုအပေါ် ကြားနေပုံစံမျိုးဖြင့်သာ ရပ်တည်ခဲ့သည်။
မြန်မာနိုင်ငံသည် ပေကျင်း၏ ကြီးမား သည့်ရပ်ဝန်း၊ ပတ်လမ်းအခြေခံအဆောက် အအုံ စီမံကိန်း၏ အဓိကျသည့် အခန်းကဏ္ဍ မှ ပါဝင်နေသည်။
တရုတ်သမ္မတ ရှီကျင်းပင်သည် ပြီးခဲ့ သည့် ဇန်နဝါရီလက မြန်မာနိုင်ငံသို့ လာ ရောက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်တစ်ခုကို ကူညီ ထောက်ပံ့သွားမည်ဟု မြန်မာအစိုးရကို ကတိပြုပြောကြားခဲ့သည်။
■ အာဆီယံ
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေ အနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် လူထုဆန္ဒနှင့်အညီ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးကို တိုက်တွန်းကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ထုတ်ပြန်ခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာ နိုင်ငံ၏ အခြေအနေများကို နီးနီးကပ်ကပ် စောင့်ကြည့်နေသည်ဟုလည်း ယင်းကြေညာ ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် နောက်ဆုံးဖြစ်ပွားခဲ့ သည့် အခြေအနေကို အလွန်အမင်း စိုးရိမ် မိကြောင်း၊ အဖွဲ့အစည်းများအားလုံးအနေ ဖြင့် သည်းခံကြရန် မျှော်လင့်ကြောင်းနှင့် မြန်မာနိုင်ငံတွင်နေထိုင်သည့် စင်ကာပူနိုင်ငံ သားများအနေဖြင့်လည်း နိုးကြားစွာ နေထိုင် ကြရန် အကြံပြုကြောင်း စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
အလားတူပင် အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီးကလည်း မြန်မာ့အရေးအပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး စိတ် ရှည်သည်းခံကြရန် တိုက်တွန်းခဲ့သည်။
သို့သော် ဖိလစ်ပိုင်သမ္မတ၏ပြောရေး ဆိုခွင့်ရှိသူ ဟာရီရိုကေးကမူ မြန်မာနိုင်ငံ ၏အခြေအနေသည် ပြည်တွင်းရေးကိစ္စဖြစ် သည်ဟု ပြောကြားခဲ့သည်။
“ ကျွန်တော်တို ့ကနဦး စိုးရိမ်တာက တော့ ပြည်သူတွေရဲ ့လုံခြုံရေးဖြစ်ပါတယ်” ဟု ၎င်းင်းက ပြောကြားခဲ့သည်။ “လိုအပ်လို ့ သူ တို့ကို လေယာဉ်နဲ့ သယ်ယူပေးရမယ်ဆိုရင် ကျွန်တော်တို့ရဲ့စစ်သားတွေ အဆင်သင့်ဖြစ် နေပါမယ်။ လိုအပ်လို့ ခေါ်ပေးပါဆိုရင်လည်း ရေတပ်သင်္ဘောတွေ အဆင်သင့်ဖြစ်နေပါ မယ်” ဟု ဟာရီရိုကေးက ပြောသည်။
■ အိန္ဒိယ
“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို အလွန်စိုးရိမ်ပူပန်မှုနဲ့အတူ ကျွန်တော်တို့ သတိပြုမိခဲ့ပါတယ်။ အိန္ဒိယ ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်အတွက် မမှိတ်မသုန် အမြဲတမ်း ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီလို ဒီမိုကရေစီလမ်းစဉ်နဲ့ တရားဥပဒေစိုးမိုးရေး ကို ဆက်လက်ထိန်းသိမ်းရမယ်လို့ ကျွန် တော်တို့ ယုံကြည်ပါတယ်” ဟု အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီ ရင်ခံစာတွင် ဖော်ပြခဲ့သည်။
■ ဘင်္ဂလားဒေ့ရှ်
“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဒီမိုကရေစီ သီးခြားလက္ခဏာတွေကို ခိုင်ခိုင်မာမာ လိုက် နာမယ်၊ အားပေးမြှင့်တင်ပါမယ်။ မြန်မာနိုင် ငံ မှာ ဒီမိုကရေစီလုပ်ငန်းစဉ်နဲ ့ ဖွဲ့စည်းပုံဆိုင် ရာ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာကြလိမ့် မယ်လို ့ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အ ရင်းနှီးဆုံး မိတ်ဆွေအိမ်နီးချင်း နိုင်ငံတစ် နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တွေ့မြင်ချင်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
■ ဂျပန်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ကူး ပြောင်းမှုဖြစ်စဉ်အား ပြောင်းပြန်ပြောင်းလဲ သွားစေသည့် လုပ်ဆောင်မှုများကို ဆန့်ကျင် ကြောင်းနှင့် ဒီမိုကရေစီစနစ် အမြန်ဆုံးပြန် လည်ရရှိရေးအတွက် တပ်မတော်ကို တိုက် တွန်းကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သဘောထားထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ကူးပြောင်း မှုဖြစ်စဉ် ဆုံးရှုံးခဲ့ရခြင်းကိုအလွန ်စိုးရိမ်ပူပန် ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ ဝင်ထိန်းသိမ်းခံခဲ့ရသူများကို အမြန်ဆုံးပြန် လွှတ်ပေးရန်လည်းတိုက်တွန်းထားသည်။
■ ဥရောပသမဂ္ဂ
ဥရောပကောင်စီ ဥက္ကဌ ချားမစ်ချယ်က တပ်မတော် အာဏာသိမ်းမှုကို ပြင်းပြင်းထန် ထန် ရှုတ်ချခဲ့သည်။
“ရွေးကောက်ပွဲရလဒ်ကို လေးစားမှု ရှိ ရမှာဖြစ်ပြီး ဒီမိုကရေစီ ဖြစ်စဉ်ကို ပြန်လည် ထိန်းသိမ်းဖို့ လိုအပ်မှာဖြစ်တယ် “ ဟု ဘယ် ဂျီယံဝန်ကြီးချုပ်ဟောင်းက တွစ်တာမှ ပြော ကြားခဲ့သည်။
■ ဂျီ-၇ အုပ်စု
ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအချို့ ပါဝင် သည့် ဂျီ-၇ အုပ်စု၏နိုင်ငံခြားရေး ဝန်ကြီးများ က မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာ သိမ်းသည်ကို အလွန်စိုးရိမ်သည်ဟု ဖေဖော် ၀ါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ “ ဒေါ် အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ အ ရပ်ဘက်လူ့အဖွဲ့အစည်းက တက်ကြွ လှုပ်ရှား သူတွေကို ထိန်းသိမ်းထားတာ၊ မီဒီယာကို ပစ် မှတ်ထားနေတာနဲ့ ပတ်သက်လို့ ကျွန်တော် တို ့ အလွန်စိုးရိမ်ပါတယ်” ဟု လန်ဒန်မှ ထုတ် ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် ဖော်ပြ ခဲ့သည်။
“အရေးပေါ်အခြေအနေ ကြေညာထား တာကို ချက်ချင်း အဆုံးသတ်ဖို့၊ ဒီမိုကရေစီ နည်းကျကျ ရွေးကောက်ခံထားရတဲ့ အစိုးရ ကို အာဏာပြန်ပေးဖို့၊ မမျှမတ ထိန်းသိမ်း ခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ လူ ့ အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးမှုကို လေး စားဖို ့ကျွန်တော်တို ့တောင်းဆိုပါတယ်” ဟု ဖော်ပြခဲ့သည်။
■ သြစတြေးလျ
“တပ်မတော်အနေနဲ့ တရားဥပဒေကို လေးစားဖို့၊ အငြင်းပွားမှုတွေကို တရား ဥပဒေနဲ့ညီတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အဖြေ ရှာဖို့နဲ့ တရားမဝင် ထိန်းသိမ်းခံထားရတဲ့ အရပ်ဘက်ခေါင်းဆောင်တွေနဲ့ တခြားသူ တွေအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု သြစ တြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိန်းက ပြောကြားခဲ့သည်။
■ ကနေဒါ
ကုလသမဂ္ဂဆိုင်ရာ ကနေဒါ သံအမတ် ဘော့ဘ်ရေးက မြန်မာ့တပ်မတော်သည် ယခု ကဲ့သို့ အာဏာသိမ်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲထားခြင်းဖြစ်သည်ဟု တွစ် တာမှ ပြောကြားခဲ့သည်။
ကနေဒါသံအမတ်ကြီး ဘော့ဘ်ရေးက “၂၀၀၈ ဖွဲ့စည်းပုံဟာ တပ်မတော်ရဲ့ အာ ဏာကို စိတ်ချသေချာစေဖို့နဲ့ အဲဒီအာဏာ ကို နက်ရှိုင်းစွာ အမြစ်တွယ်ပြီး အကာအ ကွယ်ပေးဖို့ အထူးပြုရေးဆွဲထားတာဖြစ်ပါ တယ်”ဟု Twitter တွင် ရေးသားခဲ့သည်။
■ တူရကီ
၂၀၁၆ ခုနှစ်က အာဏာသိမ်းမှု ပစ်မှတ် ဖြစ်ခဲ့သော တူရကီအစိုးရက အာဏာလွှဲ ပြောင်းယူမှုအပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး နိုင် ငံရေးသမားများကို ပြန်လွှတ်ပေးရန် တောင်း ဆိုခဲ့သည်။
“မြန်မာ့တပ်မတော်ရဲ့ အာဏာသိမ်းမှု ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါတယ်။ တူရကီဟာ ဘယ်လို အာဏာသိမ်းမှုမျိုးကိုမ ဆို ကန့်ကွက်ရှုတ်ချပြီး ထိန်းသိမ်းခံထားရ တဲ့ ရွေးကောက်ခံခေါင်းဆောင်တွေ၊ နိုင်ငံ ရေးအရ ထင်ရှားသူတွေနဲ့ အရပ်သားတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်” ဟု တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။
■ စကင်ဒီနေဗီးယန်းနိုင်ငံများ
တပ်မတော်၏အာဏာသိမ်းမှုကို နော် ဝေ၊ ဆွီဒင်နှင့် ဒိန်းမတ်တို့က ဝေဖန်ရှုတ်ချ ခဲ့သည်။
“ တပ်မတော်ခေါင်းဆောင်တွေအနေ နဲ ့ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့နဲ ့ ရွေး ကောက်ပွဲရလဒ်ကိုလေးစားဖို ့ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနကတွစ်တာမှ ထုတ်ပြန်ခဲ့သည်။
ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး အန်းလင့် ကလည်း တရားမဝင် ထိန်းသိမ်းထားသော အရပ်သားခေါင်းဆောင်များနှင့်အခြားသူ များကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရ မည်ဟု ပြောကြားခဲ့သည်။
ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး ဂျပ်ကိုဖို ကလည်း အရပ်ဘက်ထိန်းချုပ်မှုအောက်က တပ်မတော်သည် အရေးပါသော ဒီမိုကရက် တစ်စည်းမျဉ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။










