ရုရှားရဲတပ်ဖွဲ့က နိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိလာသော အတိုက်အခံခေါင်းဆောင် နာဗာညီအား ဖမ်းဆီး

ရုရှားရဲတပ်ဖွဲ့က နိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိလာသော အတိုက်အခံခေါင်းဆောင် နာဗာညီအား ဖမ်းဆီး
ဇန်နဝါရီ ၁၇ ရက်က မော်စကိုမြို့လေဆိပ်တွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံရသည့် နာဗာညီအား တွေ့ရစဉ် (Photo: AFP)
ဇန်နဝါရီ ၁၇ ရက်က မော်စကိုမြို့လေဆိပ်တွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံရသည့် နာဗာညီအား တွေ့ရစဉ် (Photo: AFP)
Published 18 January 2021
Ref: AFP

ရုရှားအစိုးရအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာညီသည်အဆိပ်ဖြင့်လုပ် ကြံခံရမှုမှ ပြန်လည်ကောင်းမွန်ခဲ့ပြီးနောက် ဂျာမနီမှရုရှားနိုင်ငံသို့ ပြန်လာခဲ့ချိန်တွင် ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးထိန်းသိမ်းခဲ့မှုအပေါ် အနောက်နိုင်ငံများက အပြင်းအထန်ဝေဖန် ခဲ့ကြသည်။

နာဗာညီသည်အဆိပ်ခတ်လုပ်ကြံခံရမှုမှ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ဂျာမနီ၌ လပေါင်းများစွာနေထိုင်ခဲ့ရာမှ  ရုရှားသို့ပြန် လာခဲ့ပြီး မော်စကိုမြို့တော်ရှိ Sherement yevo လေဆိပ်တွင်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သည်။ နာဗာညီက ၎င်းင်းအားလုပ်ကြံရန် သမ္မတ ဗလာဒီမာပူတင်က အမိန့်ပေးခဲ့သည်ဟု စွပ် စွဲပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၊ ဥရောပသမဂ္ဂအစိုးရ များ၊ ကနေဒါနှင့် အမေရိကန်ရွေးကောက် ခံသမ္မတ ဂျိုးဘိုင်ဒင်၏ အကြီးတန်းလက်ထောက်များက နာဗာညီအား ပြန်လွှတ်ပေး ရန် တောင်းဆိုခဲ့ပြီး အချို့ ဥရောပသမဂ္ဂနိုင်ငံ များက ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ ချ မှတ်ရန် တိုက်တွန်းခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့်အတူ လူ့အခွင့်အရေးအဖွဲ့များက နာဗာညီအား ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ပြီး နာဗာညီသည် ကောင်းဆိုးကျိုးပြစ်ခွဲခြား သိမြင်တတ်သောအသိစိတ်၏ အကျဉ်းသား ဖြစ် လာကြောင်းရုရှားအာဏာပိုင်များက ၎င်းအား နှုတ်ပိတ်ရန် မရပ်မနား ဆက်လက်ကြိုး ပမ်းလုပ်ဆောင်နေသည်ဟု ယင်းအဖွဲ့များ က စွပ်စွဲပြောကြားခဲ့သည်။

ဥရောပကောင်စီဥက္ကဌ ချားလ်စ် မိုက် ကယ်က နာဗာညီ ဖမ်းဆီးထိန်းသိမ်းခံရ သည့်ဖြစ်စဉ်သည် လက်ခံနိုင်ဖွယ်မရှိကြောင်း Twitter တွင်ရေးသားဖော်ပြခဲ့ပြီး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၎င်းဖမ်း ဆီးခံရမှုအပေါ် ပြင်းထန်စွာစိုးရိမ်ပူပန်မိကြောင်းပြောကြားခဲ့သည်။

“မစ္စတာ နာဗာညီကို ချက်ချင်းပြန်လွှတ် ပေးသင့်ပြီး သူ့ရဲ့အသက်အန္တရာယ်ကို တိုက် ခိုက်ခဲ့သူတွေက တာဝန်ခံရမယ်” ဟုအမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ အမေရိကန်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီ ဗန်က Twitter တွင်ရေးသားခဲ့သည်။

ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များအနေဖြင့် နိုင်ငံတကာဥပဒေကို လေးစားလိုက် နာကြရန်နှင့် မိမိနိုင်ငံ၏ပြဿနာများကိုသာ အာရုံစိုက် ဖြေရှင်းသင့်ကြောင်းရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက Facebook တွင်တန် ပြန်ရေးသားခဲ့သည်။

အသက် ၄၄ နှစ်အရွယ် နာဗာညီသည် ဘာလင်မှ မော်စကိုသို့ လေကြောင်းဖြင့် ရောက်ရှိခဲ့ပြီးနောက် နိုင်ငံကူးလက်မှတ် ထိန်းချုပ်ရေးနေရာတွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော ရဲတပ်ဖွဲ့က ၎င်းအားတွေ့ဆုံခဲ့ သည်။

လက်ထောက်များက နာဗာညီနှင့်အတူ ပြန်လည်ရောက်ရှိလာသည့် ဇနီးဖြစ်သူ ယူလီယာသည် ၎င်းတို့နှင့်အတူလေဆိပ်မှ ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်းတွင် နာဗာညီသည်လေဆိပ်အနီးရှိ ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်မှန်တယ်ထင်တဲ့အတွက် ကျွန်တော်မကြောက်ပါဘူး။ ကျွန်တော့်အ ပေါ် ရာဇဝတ်မှုစွဲချက်တွေက လုပ်ဇာတ်ခင်း ထားတယ်ဆိုတာ ကျွန်တော်သိနေပါတယ်” ဟု နာဗာညီက ခရင်မလင်နန်းတော်ရုပ်ပုံ ရှေ့တွင် ရပ်လျက်ပြောကြားခဲ့သည်။

Most Read

Most Recent