အစ္စရေး၏ ကာကွယ်ဆေးထိုးနှံမှုနှင့် ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များ၏ အခန်းကဏ္ဍ

အစ္စရေး၏ ကာကွယ်ဆေးထိုးနှံမှုနှင့် ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များ၏ အခန်းကဏ္ဍ
Published 17 January 2021
ရန်မျိုးအောင်

အခြား သမားရိုးကျ အာမခံကုမ္ပဏီများနှင့် မတူညီသည့် အချက်မှာ အစ္စရေး၏  များသည် အကျိုးအမြတ်အတွက် မဟုတ်ဘဲ ဆေးဘက်ဝန်ဆောင်မှုတွင် တိုက်ရိုက်အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပြီး ဆရာဝန်များကို အလုပ်ခန့်ခြင်း၊ ဆေးခန်းများဖွင့်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစားရိတ်များတွင်လည်း ငွေကြေးအလုံအလောက် ထောက်ပံ့ပေးမှုများရှိသည် . . .

 



ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၏ ပထမဆေးလုံးကို ထိုးနှံမှုခံယူခဲ့ပြီးနောက် အသက် ၇၅ နှစ်အရွယ် ဆင်မ်ချာ ဘာလိုသည် ကုလားထိုင်တစ်လုံးပေါ်တွင် အသာအယာထိုင်ချခဲ့ပြီး ကာကွယ်ဆေးထိုးနှံခံရန် ဆုံးဖြတ်မှုသည် ခက်ခဲမှုမရှိကြောင်း ပြောကြားခဲ့သည်။

“တကယ်လို့ ဂျူးဘာသာရေးဆရာ တွေက ကာကွယ်ဆေးထိုးနှံခံဖို့အတည်ပြု ပေးထားရင် ကျွန်တော်ဘာမှ စောဒက တက်စရာမရှိပါဘူး”ဟု ဘင်နီဘရက်မြို့ရှိ ဆေးခန်းတစ်ခန်းတွင် အလွန်တင်းကျပ်သည့် ရှေးရိုးစွဲ အော်သို‌ဒေါ့ခရစ်ယာန်တစ်ဦးဖြစ်သည့် ဘာလိုက ပြောကြားခဲ့သည်။

အစ္စရေး၏ ကနဦးအဆင့် ကာကွယ် ဆေးထိုးနှံမှုသည်အောင်မြင်နေသည်ဟု ယူ ဆရဖွယ်ရှိပြီး ဆေးနှစ်လုံးထိုးနှံရန်လိုအပ်သည့် Pfizer-BioNTech ၏ ကာကွယ်ဆေး ပထမဆေးလုံးကို ထိုးနှံခံထားရသူပေါင်း နှစ်သန်းခန့် ရှိခဲ့ပြီဖြစ်သဖြင့် နိုင်ငံ့လူဦးရေ အလိုက် အချိုးကျတွက်မည်ဆိုလျှင် ကမ္ဘာ့ အမြန်ဆုံး ကာကွယ်ဆေးထိုးနှံသည့်နိုင်ငံအဖြစ် ဖော်ပြနိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ထပ်မံပါဝင်ယှဉ် ပြိုင်ရန်စီစဉ်နေပြီး လာမည့်သီတင်းပတ်များတွင် အကျင့်ပျက်ခြစားမှုနှင့် တရားရင်ဆိုင်ရမည့် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကမူ နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံမှုစီမံ ဆောင်ရွက်ချက်များတွင် ၎င်း၏ ပုဂ္ဂိုလ်ရေး အခန်းကဏ္ဍကို အသားပေးဖော်ပြရန် ကြိုး ပမ်းခဲ့သည်။

အထူးသဖြင့် နေတန်ယာဟုသည် ကာ ကွယ်ဆေးများရရှိရန် Pfizer နှင့် Moderna ကုမ္ပဏီများမှ အလုပ်အမှုဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများနှင့် မတ်လကုန်ပိုင်း တွင် အသက် ၁၆ နှစ်အထက် လူဦးရေအား လုံးကို ကာကွယ်ဆေးထိုးနှံရန်လုံလောက်သည့် ကာကွယ်ဆေးများ ရရှိမည့်အကြောင်း များကို အဓိကထား ပြောကြားခဲ့သည်။

မီဒီယာများကမူ အစ္စရေးသည် လုံ လောက်သည့် ကာကွယ်ဆေးများရရှိနိုင်ရန် Pfizer ၏ကာကွယ်ဆေးများကို စျေးကွက် ပေါက်စျေးထက် ပိုပေးပြီး ဝယ်ယူခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနကမူ ယင်းအကြောင်းအရာနှင့် ပတ် သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

သို့သော်လည်း ကျွမ်းကျင်သူများကမူ ကာကွယ်ဆေးများကို စျေးကွက်ပေါက်စျေး ထက် ပိုပေးပြီး ဝယ်ယူမှုသည် အစ္စရေး၏ ကျန်းမာရေးရန်ပုံငွေအဖွဲ့ဖြစ်သည့် ကျန်းမာ ရေးထိန်းသိမ်းစောက်ရှောက်မှုအဖွဲ့ များ (HMOs) ၏လုပ်ဆောင်ချက်ဖြစ်နိုင်သည် ဟု ပြောကြားခဲ့သည်။

အစ္စရေး၏ HMOs အဖွဲ့လေးဖွဲ့သည်  ၎င်းတို့၏စောင့်ရှောက်မှုအောက်တွင် လူနာ များနှင့်ပတ်သက်သည့် တိကျသေချာသော အချက်အလက်များကို ထိန်းသိမ်းထားပြီး လိုအပ်ပါက ကျန်းမာရေးဆိုင်ရာ မှာကြား ချက်များကို စာတိုပေးမှုဖြင့် တိုက်ရိုက်ဆက်သွယ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြော ကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံမှုကို မြှင့်တင်ရန် မဟာဗျူဟာများကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်း အလိုက်ခွဲခြားလုပ်ဆောင်ပြီး ဘာလိုကဲ့သို့ အလွန်တင်းကျပ်သည့် ရှေးရိုးစွဲ ခရစ်ယာန်များကိုမူ ဘာသာရေးဆရာများနှင့် ချိတ် ဆက်ကာ ယင်းဘာသာရေးဆရာများက ၎င်းတို့၏နောက်လိုက်များကို ကာကွယ်ဆေး ထိုးနှံမှုခံယူရန် သြဝါဒပေးမည်ဖြစ်သည်။

အချက်အလက်မောင်းနှင်အား

နိုင်ငံတစ်ဝန်းတွင် ကာကွယ်ဆေးထိုးနှံ မှုခံယူမည့်သူများ၏စာရင်းများကို ဦးစားပေး အဆင့်အလိုက် လျင်မြန်စွာခွဲခြားသတ်မှတ် ပြီး ထုတ်ပြန်မှုများနှင့် ၎င်းတို့အား ကာကွယ် ဆေးထိုးရန် သီးခြားစီဆက်သွယ်မှုများတွင် HMOs အဖွဲ့များ၏အခန်းကဏ္ဍသည် အဓိ ကနေရာမှ ပါဝင်ခဲ့သည်။

အစ္စရေး၏ ပြေပြစ်မှုမရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် တုံ့ပြန်မှုနှင့် ကာကွယ်ဆေးထိုးနှံမှု ကြား အဓိက ကွဲလွဲမှုတစ်ခုသည် HMOs ကြောင့်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံ မှုကို အစိုးရက ဦးဆောင်ခြင်းမဟုတ်ဘဲ HMOs ကဦးဆောင်နေသည်ဟုကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်မှုမှာ အစိုးရ အနေနဲ့ သင်ခန်းစာကောင်းကောင်းရသွား တယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် HMOs ကို သူတို့လုပ်စရာရှိတာတွေ လုပ်ခွင့်ပေးလိုက် တာဖြစ်နိုင်ပါတယ်” ဟု အစ္စရေး၏ Taub Center သုတေသနအဖွဲ့မှ ကျန်းမာရေး မူဝါဒ အစီအစဉ် အကြီးအကဲ ဒို့ဗ်ချာနီချော့ဗ်စကီးက ပြောကြားခဲ့သည်။

အစိုးရသည် HOMs အပေါ် လိုအပ် သည်ထက်ပိုမိုမှီခိုနေပြီး ၎င်း၏ကပ်ရောဂါ တုံ့ပြန်မှုများကို လျော့ပါးစေရန် လုပ်ဆောင် နေသည်ဟု ချာနီချော့ဗ်စကီးက စွပ်စွဲခဲ့ပြီး အထူးသဖြင့် ရောဂါစစ်ဆေးမှုကဲ့သို့ လုပ်ငန်း စဉ်များအထိ ကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိဘဲ  HMOs အပေါ် မှီခိုမှုနေကြောင်း ထောက်ပြ ခဲ့သည်။

“အစိုးရဟာ အစောပိုင်းမှာ HMOs ကို အသုံးမပြုဖို့ဆုံးဖြတ်ခဲ့ပြီး အဲဒါဟာ ကြီးမားတဲ့ အမှားတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်တော့မှ တစ်ယောက်ယောက်က အခြေအနေကို နား လည်သဘောပေါက်လာခဲ့တာဖြစ်ပါတယ်” ဟု ချာနီချော့ဗ်စကီးက ပြောကြားခဲ့သည်။

HMO အဖွဲ့ဝင်မှုသည် အစ္စရေးနိုင်ငံ သားအားလုံးအတွက် မလုပ်မနေရဖြစ်ပြီး အဖွဲ့ဝင်ထားသည့်ပြည်သူများအနေနှင့် ၎င်းတို့ဝင်ထားသည့် HMO အဖွဲ့၏ ဝန်ဆောင် မှုကို စိတ်ကျေနပ်မှုမရှိလျှင် အခြား HMO ကို တစ်နှစ်လျှင် နှစ်ကြိမ်ပြောင်းလဲဝင်ရောက်ခွင့်ရှိသည်။

အခြား သမားရိုးကျ အာမခံကုမ္ပဏီများ နှင့် မတူညီသည့် အချက်မှာ အစ္စရေး၏ HMOs များသည် အကျိုးအမြတ်အတွက် မဟုတ်ဘဲ ဆေးဘက်ဝန်ဆောင်မှုတွင် တိုက် ရိုက်အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပြီး ဆရာဝန် များကို အလုပ်ခန့်ခြင်း၊ ဆေးခန်းများဖွင့်ခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစား ရိတ်များတွင်လည်း ငွေကြေးအလုံအလောက် ထောက်ပံ့ပေးမှုများရှိသည်။

ယင်းသို့ဖွဲ့စည်းလည်ပတ်မှုကို အော်တို မန်ခေတ်က ပါလက်စတိုင်းတွင် နေထိုင်သည့် ဂျူးများက စတင်ခဲ့ခြင်းဖြစ်ကြောင်း ချာနီ ချော့ဗ်စကီးက ပြောကြားခဲ့သည်။

Meuhedet HMO အဖွဲ့၏ အမှုဆောင်ချုပ် ဆိုင်ဂျယ် ရီဂက်ဗ် ရိုဆန်ဘတ်ချ်ကမူ လူ နာများ၏ အသေးစိတ်အချက်အလက်များ ကို စုဆောင်းထားမှုကြောင့် သူ့အဖွဲ့အစည်း သည် ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်များကို လျင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ပြော ကြားခဲ့သည်။

“ကျွန်မတို့ဆီက အချက်အလက်စနစ် အရကာကွယ်ဆေးထိုးနှံမှုမှာ ဘယ်သူ့ကို ပထမဦးစားပေးခေါ်မယ်၊ ဘယ်သူ့ကို ဒုတိယ ဦးစားပေးနေရာမှာထားမယ်ဆိုတာနဲ့ ဘယ် သူ့ကို စောင့်ဆိုင်းခိုင်းမယ်ဆိုတာတွေကို ၁၀ မိနစ် ပဲ အချိန်ယူလုပ်ဆောင်ရပါတယ်”ဟု ရိုဆန်ဘတ်ချ်က ပြောကြားခဲ့သည်။

၎င်းတို့အဖွဲ့သည် ဘာသာရေးဆရာများ နှင့်ပူးပေါင်းပြီး ကာကွယ်ရေးထိုးနှံမှုကိုစတင် နေသည်ဟုလည်း ရိုဆန်ဘတ်ချ်က ဆိုသည်။

ပါလက်စတိုင်းများ

မည်သို့ပင်ဆိုစေ အာရပ် အစ္စရေးများ ကြား ကာကွယ်ဆေးထိုး နှံမှုလုပ်ငန်းစဉ်များ မှာ အခက်အခဲတစ်ချို့ရှိနေဆဲဖြစ်သည်ဟု ရိုဆန်ဘတ်ချ်က ပြောကြားခဲ့သည်။

အစ္စရေးတို့ သိမ်းပိုက်ထားသည့် အရှေ့ ဂျေရုဆလင်တွင် ကာကွယ်ဆေးထိုးပေးနေ သည့် အစ္စရေးဆရာဝန်တစ်ဦးကမူ ပါလက်စတိုင်းများသည် ၎င်းတို့၏ကာကွယ်ဆေးကို ထိုးနှံမှုခံယူရန် အနည်းငယ်သာ စိတ်ဝင်စား ပြီး လူမှုကွန်ရက်များပေါ်တွင်လည်း ပြစ်တင် ဝေဖန်မှုများပြုလုပ်နေသည်ဟု ပြောကြားခဲ့ သည်။

အနောက်ဘက်ကမ်းကို ထိန်းချုပ်ထား သည့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ဂါဇာဒေသကို ထိန်းချုပ်ထားသည့် ဟားမာ့စ် အစ္စလာမ်မစ်များကလည်း ကာကွယ်ဆေးထိုး နှံမှုတွင် အစ္စရေး၏ အကူအညီကို ရယူရန် လူသိရှင်ကြား တောင်းဆိုခြင်းမရှိခဲ့ပေ။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကမူ ၎င်းသည် ရုရှား၏ Sputnik V ကာကွယ်ဆေး အပါအဝင် ဆေးကုမ္ပဏီလေးခု နှင့် ကာကွယ်ဆေးဝယ်ယူရန် စာချုပ်များချုပ် ဆိုခဲ့ကြောင်း ကြေညာခဲ့သည်။

“ကျွန်တော်တို့ဟာ ဘေးချင်းကပ်နေ ထိုင်နေကြတာပါ။ လူအစုလိုက် ကာကွယ်မှု ရဖို့ဆိုရင် သူတို့(ပါလက်စတိုင်းများ)တွေလည်း ကာကွယ်ဆေးထိုးဖို့ အရေးကြီးပါတယ်” ဟု အစ္စရေးအစိုးရ၏ ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး အကြံပေးအရာရှိ နာဒက်ဗ် ဒါဗီဒိုဗစ်ချ်က ပြောကြားခဲ့သည်။

■ Ref: AFP

Most Read

Most Recent