ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရန် မည်သို့မျှမဖြစ်နိုင်သေးသည့် မြန်မာ့စီးပွားရေး

ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရန် မည်သို့မျှမဖြစ်နိုင်သေးသည့် မြန်မာ့စီးပွားရေး
ကိုဗစ်ကာလအတွင်း လွန်စွာများပြားလာသည့် လက်တွန်းလှည်းစျေးသည်များအနက် တစ်ဦးကို မြို့နယ်တစ်ခုအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)
ကိုဗစ်ကာလအတွင်း လွန်စွာများပြားလာသည့် လက်တွန်းလှည်းစျေးသည်များအနက် တစ်ဦးကို မြို့နယ်တစ်ခုအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)
Published 17 January 2021
နီလာ

အစပိုင်းမှာကတည်းက ရန်ကုန်မှာက အများစုမှန်းကြတာက အများပြည်သူရွေးကောက်ထားတဲ့ အစိုးရ တက်လာတဲ့အချိန်မှာ နိုင်ငံခြားခရီးသွားတွေ အထူးသဖြင့် အနောက်တိုင်းခရီးသွားတွေ အများကြီးဝင်လာမယ်မှန်းတယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ ရခိုင်ကိစ္စတို့၊ အခြားနိုင်ငံရေးစိန်ခေါ်မှုတွေကြောင့် တကယ် အနောက်တိုင်း ခရီးသွားတွေ မလာခဲ့ဘူး။ သူတို့နေရာမှာ တရုတ်တွေ၊ ကိုရီးယားတွေ၊ ထိုင်းတွေဝင်လာတော့ သူတို့ရဲ့သုံးတဲ့ အသုံးစရိတ်ကလည်း တော်တော်လေးကွာတာကို တွေ့ရတယ်။ အစကတည်းက စိန်ခေါ်မှုရှိနေတဲ့ အချိန်မျိုးမှာ ကိုဗစ်က ကောက်ဖြစ်သွားတဲ့အတွက် စိန်ခေါ်မှုပိုကြီးတယ်ဆိုတာမျိုး တွေ့ရတယ်။ ကိုဗစ်တကယ်လည်း ဖြစ်ပြီဆိုရော Flight တွေ အကုန်ရပ်သွားတော့ ခရီးသွားက မရှိသလောက်ကို ဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ နားလည်တာက Four Star, Five Star ဟိုတယ်အများစုကို လုံးဝပိတ်ထားရသလောက်ဖြစ်သွားတဲ့ အနေအထားတွေ့တယ်။ ဆိုတော့ ကိုဗစ်ကာကွယ်ဆေး တွေ့ပြီးတော့ အားလုံးရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံချက်မပေးနိုင်သေးသရွေ့ကတော့ ဒီပြဿနာတွေကတော့ ဆက်ရှိနေဦးမယ်လို့ မှန်းပါတယ် . . . 

Most Read

Most Recent