လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံတွင် ၆၉ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပ

လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံတွင် ၆၉ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပ
၆၉ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား လွိုင်ကော်မြို့တွင် ကျင်းပနေစဉ်
၆၉ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား လွိုင်ကော်မြို့တွင် ကျင်းပနေစဉ်
Published 15 January 2021
မခိုင် (လွိုင်ကော်)

ကရင်နီပြည်အား ကယားပြည်နယ်နေ့ ဟုပြောင်းလဲခေါ်ခဲ့သော ၆၉ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံတွင် ဇန်နဝါရီ ၁၅ ရက်တွင် COVID-19 ကြောင့် အကျဉ်းရုံး ကျင်းပသည်ဟု သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ခေတ္တပြည်နယ်ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်း ပြောကြားခြင်းများ ပြုလုပ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ၂၀၂၀ ဇန်နဝါရီ ၁၅ ရက် ကယားဒေး ကွင်းအတွင်း ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ကို အထူးတိုးတက်စေချင်ပါက အစိုးရလုပ်ပါ အခြားသူများလုပ်ပါဟု အားမကိုးရန်နှင့် ကိုယ်တိုင်လုပ်ကြရန် လိုကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဖဆပလအစိုးရ လက်ထက်တွင် သီးခြားလွတ်လပ်သော ပြည်နယ်တစ်ခု ဖြစ်ခဲ့သည့် ကရင်နီပြည်နယ်အား ကယားပြည်နယ်သို့ အမည်ပြောင်းလဲ သတ်မှတ်လိုက်သည့်နေ့ကို ကယားပြည်နယ်နေ့အဖြစ် ကျင်းပလာခြင်းကို ပြည်နယ်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့များ၊ နိုင်ငံရေး ပါတီများက မူလကရင်နီပြည်နယ်သို့ ပြန်လည်သတ်မှတ်ရန်အတွက် တောင်းဆိုလျက် ရှိကြောင်းလည်း သိရသည်။

 

Most Read

Most Recent