တပ်မတော်အနေဖြင့် အရေအတွက် ပိုမိုများပြားသည့် နောက်ဆုံး မဲစာရင်းကို စိစစ်ရန် ပို၍ဆန္ဒရှိပြီး သံသယများ ကင်းရှင်းစေရန်အတွက် နောက်ဆုံး မဲစာရင်း ပုံစံ (၁) ကို ပွင့်လင်းမြင်သာစွာ ပံ့ပိုးပေးနိုင်သည့် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို ကြိုဆိုသည်ဟု ကော်မရှင်ထုတ်ပြန်ချက်အပေါ် ဒီဇင်ဘာ ၃၁ ရက်တွင် တုံ့ပြန်သည်။ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ကူးယူနိုင်ရေး ကော်မရှင်အဖွဲ့ခွဲများအား ညွှန်ကြားပေးရန် တပ်မတော်၏ တောင်းဆိုမှုအပေါ် ကော်မရှင်က ဥပဒေပါ အကိုးအကားများဖြင့် လျစ်လျူရှုရာမှအစ ယခုကဲ့သို့ မဲစာရင်းစိစစ်မှုများအပေါ် တုံ့ ပြန်မှုဖြင့် ကော်မရှင်နှင့် တပ်မတော်ကြား အငြင်းပွားမှုက ဆုံးခန်းတိုင်ခြင်း မရှိသေး။










