COVID-19 ကြောင့် ကမ္ဘာ့ရေနံစျေး သုညဒေါ်လာအောက် ထိုးဆင်းမှုနှင့်အတူ စံချိန်တင်ကျဆင်းခဲ့သည့် စက်သုံးဆီစျေးနှုန်း

COVID-19 ကြောင့် ကမ္ဘာ့ရေနံစျေး သုညဒေါ်လာအောက် ထိုးဆင်းမှုနှင့်အတူ စံချိန်တင်ကျဆင်းခဲ့သည့် စက်သုံးဆီစျေးနှုန်း
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 28 December 2020

၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက ကမ္ဘာ့စီးပွားရေး အခြေအနေများကြောင့် အားပျော့နေသော ကမ္ဘာ့ရေနံစျေး (WTI စျေးနှုန်း) သည် COVID-19 ကပ်ရောဂါ ပထမလှိုင်းကာလအတွင်း သုညဒေါ်လာအောက်အထိ ထိုးဆင်းခဲ့ပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများလည်း စံချိန်တင် လိုက်ပါကျဆင်းခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် ထင်ရှားသည့် ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစ၍ မေလအထိ ကမ္ဘာ့ရေနံစျေး ထိုးဆင်းမှုကြောင့် ပြည်တွင်းစျေးကွက်လည်း စက်သုံးဆီစျေးများ လိုက်ပါကျဆင်းခဲ့ပြီး မေ ၁ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၄၃၅ ကျပ် (တစ်ဂါလန် ၁၉၇၇ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၄၄၅ ကျပ် (တစ်ဂါလန် ၂၀၂၂  ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၃၀၀ ကျပ် (တစ်ဂါလန် ၁၃၆၃ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၄၃၅ ကျပ် (တစ်ဂါလန် ၁၉၇၇ ကျပ်) ဖြစ်သည်။

WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအ ထိ မြင့်တက်ခဲ့ပြီးနောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့ သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်း ခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အ ထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင် ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင် ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ် လာ၊ မတ် ၇ ရက်တွင် ၄၁ ဒေါ်လာရှိခဲ့သည်။ မတ် ၁၈ ရက်တွင် ဒေါ်လာ ၂၀ ဝန်းကျင်၊ ဧပြီ ၂၀ ရက်တွင် သုညဒေါ်လာအောက်အထိ ကျဆင်းခဲ့နောက် ပြန်တက်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၈ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအ ချိန်အထိဖြစ်ပေါ်ခဲ့သော ပြည်တွင်းစက်သုံး ဆီစျေးနှုန်း အတက်အကျများမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ၃၅ ကျပ်အထိ၊ နိုဝင် ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိမြင့်တက်ခဲ့ပြီး နို ဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်န ၀ါရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အတွင်း တစ်လီတာ ၅၅၀ ကျပ်မှ ၆၀၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ မေ ၆ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း တစ် လီတာ ၁၅၅ ကျပ်မှ ကျပ် ၂၄၀ အထိ ပြန်တက် ခဲ့ပြီး သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အတွင်း တစ် လီတာ ၁၅ ကျပ်ပြန်ကျခဲ့ကာ သြဂုတ် ၂၇ ရက်တွင် တစ်လီတာ ကျပ် ၁၀ ပြန်လည်မြင့် တက်ခဲ့သည်။ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း တစ်လီတာ ကျပ် ၂၀၊ စက်တင် ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း  တစ် လီတာ ကျပ် ၁၀ မှ ကျပ် ၃၀ အထိ ပြန်လည် ကျဆင်းခဲ့ကာ နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အတွင်း တစ်လီတာ ကျပ် ၁၂၀ စီ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ် ၂၀၁၈ ခုနှစ်အ တွင်းကလည်း ကမ္ဘာ့ရေနံစျေးနှုန်းနှင့် ဒေါ်လာစျေး အပြိုင်မြင့်တက် ခဲ့မှုကြောင့် ပြည် တွင်းစက်သုံးဆီစျေးနှုန်းများ စံချိန်တင်မြင့် တက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်လမှ အောက် တိုဘာအထိ လေးလကျော်အတွင်း ပြည် တွင်း စက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော် အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင် စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက် တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင် အမြင့်ဆုံးစျေးနှုန်းနှင့် ၂၀၂၀ ပြည့် နှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် စံချိန်တင်အနိမ့် ဆုံးစျေးနှုန်းကို နှိုင်းယှဉ်ပါက ဒီဇယ် ၆၀ ဒသမ ၂၇ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၅၉ ဒသမ ၇၂ ရာခိုင်နှုန်း၊ 92 Ron ၇၁ ဒသမ ၈၃ ရာခိုင်နှုန်း၊ 95 Ron ၆၀ ဒသမ ၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ဒုတိယပတ်မှ မေလဆန်းအထိ ကျဆင်းခဲ့သော ပြည်တွင်းစက်သုံးဆီ စျေးနှုန်းသည် မေလလယ်မှ သြဂုတ်လလယ်အတွင်းနှင့် နိုဝင်ဘာမှ ဒီဇင်ဘာလကုန်ပိုင်းအထိ သိသိသာသာ ပြန်လည်မြင့်တက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်နှင့် ဒီဇင်ဘာတတိယပတ် ပြည်တွင်း စက်သုံးဆီ စျေးနှုန်းများကို နှိုင်းယှဉ်ပါက တစ်လီတာ ကျပ် ၁၂၀ စီ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၆၅၅ ကျပ် (တစ်ဂါလန် ၂၉၇၇ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၆၆၅ ကျပ် (တစ်ဂါလန် ၃၀၂၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၁၅ ကျပ် (တစ်ဂါလန် ၂၇၉၅ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ၇၂၅ ကျပ် (တစ်ဂါလန် ၃၂၉၅ ကျပ်) ဖြစ်သည်။

Most Read

Most Recent