အကယ်ဒမီထက်ထက်မိုးဦးသည် အနုပညာလုပ်ငန်းများတွင် အတန်ငယ်ကျဲပါးလျက်ရှိရာမှ ကိုဗစ်ကပ်ရောဂါကာလအတွင်း စိန်ရွှေရတနာဆိုင်များအပါအဝင် အဖိုးတန်ပစ္စည်းများ ရောင်းချပေးသည့် Live Sales ရောင်းချမှုများတွင် ဝယ်ယူသူများ၏စိတ်နှလုံးကို ဆွဲငင်နိုင်သည့်ပြောဆိုမှုများ၊ ကြော်ငြာခေတ်ဦး ကာလကတည်းကပင် ပရိသတ်အားပေးမှု ရရှိစေခဲ့သည့် အပြုံးချိုချိုမှုများဖြင့် တစ်ကျော့ပြန် အောင်မြင်မှုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်ဒမီထက်ထက်မိုးဦး၏ Live Sales ရောင်းချမှုများတွင် ဝယ်ယူအားပေးသူများပြားစွာရှိကာ စံချိန်တင်ရောင်းချရမှုများရှိသည်ဟူသော သတင်းစကားများဖြင့်ပင် ပိုမိုထင်ရှားလာခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်အတွင်းတွင် ကိုဗစ်ကပ်ရောဂါ ရင်ဆိုင်ဖြတ်သန်းနေရချိန်အတွင်း၌ စိန်ရွှေရတနာဆိုင်များ၊ ကားများ စသည့်တန်ဖိုးကြီးပစ္စည်းများကို အွန်လိုင်းမှ Live လွှင့်ကာ ရောင်းချပေးမှုများ တွင်ကျယ်လာလျက်ရှိကာ အဆိုပါ Live လွှင့်ရောင်းချမှုများ၊ ကြော်ငြာများတွင် တစ်ကျော့ပြန်အောင်မြင်မှုများ ပြန်လည်ရရှိလာသူ အကယ်ဒမီထက်ထက်မိုးဦးကို ယခုနှစ်အတွင်း ထင်ရှားခဲ့သူတစ်ဦးအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ အကယ်ဒမီထက်ထက်မိုးဦးသည် အနုပညာလုပ်ငန်းများတွင် အတန်ငယ်ကျဲပါးလျက်ရှိရာမှ ကိုဗစ်ကပ်ရောဂါကာလအတွင်း စိန်ရွှေရတနာဆိုင်များအပါအဝင် အဖိုးတန်ပစ္စည်းများ ရောင်းချပေးသည့် Live Sales ရောင်းချမှုများတွင် ဝယ်ယူသူများ၏စိတ်နှလုံးကို ဆွဲငင်နိုင်သည့်ပြောဆိုမှုများ၊ ကြော်ငြာခေတ်ဦး ကာလကတည်းကပင် ပရိသတ်အားပေးမှု ရရှိစေခဲ့သည့် အပြုံးချိုချိုမှုများဖြင့် တစ်ကျော့ပြန် အောင်မြင်မှုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်ဒမီထက်ထက်မိုးဦး၏ Live Sales ရောင်းချမှုများတွင် ဝယ်ယူအားပေးသူများပြားစွာရှိကာ စံချိန်တင်ရောင်းချရမှုများရှိသည်ဟူသော သတင်းစကားများဖြင့်ပင် ပိုမိုထင်ရှားလာခဲ့ခြင်းဖြစ်သည်။
“ထက်ထက်မိုးဦးက ကျွန်တော်တို့နဲ့အတူ နှစ်ပေါင်းများစွာလက်တွဲပြီး အနုပညာဖန်တီးမှုတွေ လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပေါ့။ ကြော်ငြာခေတ်ဦးကာလမှာဆိုရင် သူနဲ့ကြော်ငြာရိုက်ချင်လို့ သူ့အိမ်ရှေ့မှာ ငွေထုပ်ပိုက်ပြီး သူအိပ်ရာကမနိုးခင် ကားတွေနဲ့တန်းစီပြီး ထုတ်လုပ်သူတွေက စောင့်နေခဲ့ကြတဲ့ တစ်ခေတ်လည်းရှိခဲ့ဖူးတယ်။ သူ့ရဲ့အားသာချက်ကတော့ အလုပ်ပေါ်မှာ တကယ်အာရုံစိုက်တယ်။ စေတနာထားတယ်။ အလုပ်ကိုတကယ် ကျွမ်းကျင်တယ်။ အနုပညာ အလုပ်ဆိုတာကတော ့နိမ့်တာလည်းရှိသလို မြင့်တာလည်း ရှိတယ်။ ဘယ်အလုပ်ပဲ ဖြစ်ဖြစ်ပါ။ လောကဓံသဘောအရပေါ့။ ဒါပေမဲ့ တကယ်တမ်းအခွင့်အရေးတစ်ခု ပြန်ရလာတဲ့အခါမှာတော့ ကိုယ့်အ လုပ်ကို တကယ်ကျွမ်းကျင်ပြီး စေတနာနဲ့ အားထုတ်တတ်သူတစ်ယောက်အတွက် အောင်မြင်မှု ပြန်ရလာတာလို့ပဲ မြင်ပါတယ်” ဟု အကယ်ဒမီလွင်မိုးက အကယ်ဒမီထက်ထက်မိုးဦး၏ တစ်ကျော့ပြန်အောင်မြင်မှုအပေါ် သုံးသပ်ခဲ့သည်။
အကယ်ဒမီ ထက်ထက်မိုးဦးသည် ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါကာလအတွင်းတွင် စိန်ရွှေရတနာဆိုင်များ၊ ကားအရောင်းပြခန်းများ၊ အလှကုန်များ စသည့်ထိပ်တန်း ကုန်ပစ္စည်းများကို Live လွှင့်ရောင်းချလျက်ရှိကာ နေ့စဉ်ဆက်တိုက် ရောင်းချရသည်အထိ ပရိသတ်အားပေးမှုများပြားလျက်ရှိခြင်း ဖြစ်သည်။ ထက်ထက်မိုးဦးသည် Live လွှင့်ရောင်းချမှုများတွင် တစ်ကျော့ပြန် အောင်မြင်လာပြီးနောက် ရုပ်သံနှင့်အွန်လိုင်း ကြော်ငြာများတွင်ပါ ဆက်တိုက်ပါဝင်ခွင့် ပိုမိုများပြားလာခဲ့သည်။









