မက်ဆီကို ဘာစီလိုနာအသင်း သစ္စာစောင့်သိကြေး ပေါင်သန်း (၃၀) ပေးရမည်

မက်ဆီကို ဘာစီလိုနာအသင်း သစ္စာစောင့်သိကြေး ပေါင်သန်း (၃၀) ပေးရမည်
Published 16 November 2020

လက်ရှိရာသီကုန်ဆုံးချိန်တွင် ဘာစီလိုနာအသင်းမှ မက်ဆီ ထွက်ခွာပါက သစ္စာစောင့်သိကြေး ပေါင်သန်း (၃၀)ရရှိမည်ဖြစ်ကြောင်း သိရသည်။

မက်ဆီသည် လာမည့်နှစ်၊ ဇွန်လတွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘာစီလိုနာအသင်းဘက်က စာချုပ်သက်တမ်းတိုးချင်နေသော်လည်း ဖြစ်လာရန် ခဲယဉ်းနေသည်။

ESPN ၏ ဖော်ပြချက်အရ  ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် မက်ဆီနှင့် ဘာစီလိုနာအသင်း ချုပ်ဆိုထားသောစာချုပ်ပါ အချက်အလက်များအရ သစ္စာစောင့်သိကြေး ပေါင်သန်း (၆၀)ပေးရမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည်ဖေဖော်ဝါရီလအတွင်း၌ မက်ဆီသည် သစ္စာစောင့်သိကြေး၏ ထက်ဝက်ပေါင်သန်း (၃၀)  ရရှိထားပြီးဖြစ်သောကြောင့် ကျန်ရှိနေသည့် သစ္စာစောင့်သိကြေး ပေါင်သန်း (၃၀)ကို အသင်းမှထွက်ခွာပါက ရရှိမည်ဖြစ်သည်။



 

လက်ရှိအချိန်၌ ဘဏ္ဍာရေးအခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းအတွက် မက်ဆီကိုပေးချေရမည့် သစ္စာစောင့်သိကြေးသည် တစ်ပူပေါ်နှစ်ပူဆင့်သည့်အရာမျိုးဟု Daily Mail က ယူဆနေသည်။

ဘာစီလိုနာအသင်းသည် ကပ်ဘေးကာလ၌ ကစားသမားများကို လစာငွေလျှော့ချမှု ပြုလုပ်ခဲ့သည်။

 

Most Read

Most Recent