ရီးယဲလ်သို့ ပြောင်းရွှေ့ရန် ဒီဘားလားကို ပါလာမိုဥက္ကဋ္ဌဟောင်း ဇမ်ပါရီနီ တိုက်တွန်း

ရီးယဲလ်သို့ ပြောင်းရွှေ့ရန် ဒီဘားလားကို ပါလာမိုဥက္ကဋ္ဌဟောင်း ဇမ်ပါရီနီ တိုက်တွန်း
Photos : Getty Images
Photos : Getty Images
Published 15 November 2020

ပါလာမိုအသင်းဥက္ကဋ္ဌဟောင်းဖြစ်သူ ဇမ်ပါရီနီက ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလားကို ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကစားရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

ဇမ်ပါရီနီသည် ပါလာမိုအသင်းဥက္ကဋ္ဌအဖြစ် ၂၀၀၂ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဒီဘားလားသည် ပါလာမိုအသင်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့သူဖြစ်သည်။ 

ဇမ်ပါရီနီက "ကျွန်တော် အရင်ကတည်းက ဒီဘားလားကို ရီးယဲလ်ကို ပြောင်းဖို့ ပြောခဲ့ဖူးပါတယ်။ ဂျူဗင်တပ်စ်က သူ့ကိုရောင်းဖို့ ၂၀၁၉ နွေရာသီမှာ ကြိုးစားခဲ့ဖူးပါတယ်။ ဒီဘားလားက ချန်ပီယံပါ။ ဒုတိယလူ မဟုတ်ပါဘူး။ ဂျူဗင်တပ်စ်မှာ စီရော်နယ်လ်ဒို ရှိနေပါတယ်။ ဒီဘားလားအနေနဲ့ သူ့လောင်းရိပ်အောက်က ရုန်းထွက်ပြီး အသင်းကြီးတစ်သင်းကိုပြောင်းကာ စီရော်နယ်လ်ဒိုကို ပြန်စိန်ခေါ်သင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent