စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိပါက အနေအထိုင်ဆင်ခြင်ရန် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်အား မန်ယူအသင်းသတိပေး

စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိပါက အနေအထိုင်ဆင်ခြင်ရန် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်အား မန်ယူအသင်းသတိပေး
Photos : Getty Images
Photos : Getty Images
Published 15 November 2020

မန်ယူအသင်းတာဝန်ရှိသူများက အသင်း၏ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ် (၁၉ နှစ်)အား အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိပါက မိမိ၏အနေအထိုင် အပြုအမူများကို တိုးတက်အောင်ပြုလုပ်ရမည်ဟု သတိပေးပြောကြားခဲ့သည်။

 

မန်ယူအသင်းတာဝန်ရှိသူများသည် ကွင်းပြင်ပ (အထူးသဖြင့် လေ့ကျင့်ရေးကွင်း) တွင် စည်းကမ်းနှင့်အညီ မနေထိုင်သော ဂရင်းဝုဒ်အပေါ် စိတ်ပျက်နေကြပြီး ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ 

ဂရင်းဝုဒ်သည် ၂၀၁၉ အောက်တိုဘာလက ချုပ်ဆိုထားသောစာချုပ်အရ မန်ယူတွင် တစ်ပတ်လစာငွေ ပေါင် (၄)သောင်း ရရှိနေပြီး စာချုပ်သစ်ချုပ်ဆိုပါက လစာငွေများပြားစွာ ရရှိနိုင်မည်ဖြစ်သည်။

Most Read

Most Recent