UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 15 November 2020

ဆလိုဗက်ကီးယား - စကော့တလန် (တနင်္ဂနွေည ၈း၃၀ နာရီ)

(၄)ပွဲကစား (၁၀)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦး ဆောင်နေတဲ့ စကော့တလန်အတွက် ဒီပွဲကိုသာအနိုင်ကစားခဲ့ ရင် League (A) ကို တန်းတက်ခွင့်ရဖို့ သေချာသွားပါပြီ။ ခြေသိပ်မကွာတဲ့ အုပ်စုဖြစ်လို့ ရလဒ်ပိုင်းကလည်း မပြတ်သားနိုင်ဘူး။ ဒါပေမဲ့ စကော့တလန် ကပ်နိုင်သွားဖို့ ရှိတယ်။ 

နယ်သာလန် - ဘော့စနီးယား (တနင်္ဂနွေည ၁၁း၃၀ နာရီ)

အီတလီ-ပိုလန်ပွဲသာ သရေကျပြီး ဒီပွဲကို နယ်သာလန် အနိုင်ကစားခဲ့ရင် အုပ်စုထိပ်ဆုံးနေရာကို ရောက်လာမယ်။ ဒါ ပေမဲ့ နယ်သာလန်ရဲ့လက်ရှိခြေစွမ်းက အခွင့်အရေးကို အသုံးချ နိုင်ပ့ါမလားဆိုတာတောင် မသေချာဘူး။ တိုက်စစ်က အရမ်း အားနည်းလာတာပြဿနာဖြစ်ပြီး ခံစစ်မှာလည်း လူမစုံဘူး။ သရေကျရင် အံ့သြစရာမရှိဘူး။ 

တူရကီ - ရုရှား (တနင်္ဂနွေည ၁၁း၃၀ နာရီ)

တူရကီက သရေပွဲတွေပဲ ဆက်တိုက်ကစားနေသလို၊ ရုရှားကလည်း ဆွီဒင်ကို မထင်မှတ်ဘဲ ရှုံးခဲ့ပြီးနောက် သရေပွဲ တွေဆက်လာတယ်။ နှစ်သင်းစလုံးက ခြေစွမ်းကောင်းပြီး အ ကြိတ်အနယ်ရှိနိုင်တဲ့ပွဲပါ။ ရုရှားကွင်းမှာတုန်းက သရေကျခဲ့သ လို ဒီပွဲလည်း သရေပဲ ကျနိုင်တယ်။ 

ဘူလ်ဂေးရီးယား - ဖင်လန် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဘူလ်ဂေးရီးယားက League (C) ကို မဆင်းရဖို့အတွက် ရုန်းကန်ရမှာပါ။ လက်ရှိ ရလဒ်ပိုင်း၊ ခြေစွမ်းပိုင်းအရ ဖင်လန်က အကောင်းဆုံးအနေအထားမှာရှိပြီး ဝေးလ်စ်ကိုတောင် အုပ်စု ဗိုလ်နေရာအတွက် ခြိမ်းခြောက်နေပါတယ်။ ဒီပွဲလည်း ဘူလ် ဂေးရီးယားကွင်းဆိုပေမဲ့ ဖင်လန်ကိုပဲ ကြိုက်တယ်။ 

ဝေးလ်စ် - အိုင်ယာလန် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ပရီးမီးယားလိဂ်အခြေစိုက် ကစားသမားတွေနဲ့ စုဖွဲ့ထား တဲ့အသင်းတွေဖြစ်ပြီး နှစ်သင်းစလုံး တောင့်တင်းကြပါတယ်။ ဒါပေမဲ့ ဝေးလ်စ်ရဲ့ စုဖွဲ့မှုက ပိုကောင်းပြီး ခြေစွမ်းပိုင်းနဲ့ ရလဒ် ပိုင်းလည်း သာပါတယ်။ ဒါပေမဲ့ အကြိတ်အနယ်ကစားရဖို့ရှိပြီး (၁-ဝ၊ ၁-၁)ရလဒ်တွေ ဖြစ်နိုင်တယ်။ 

ဂျော်ဂျီယာ - အာမေးနီးယား (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဂျော်ဂျီယာနဲ့ အာမေးနီးယားက ခြေစွမ်းညီတယ်။ ရလဒ် တွေလည်း သိပ်မကွာဘူး။ အာမေးနီးယားကွင်းမှာတုန်းက အ ကြိတ်အနယ်ကစားခဲ့ပြီး  သရေကျခဲ့တယ်။ ဒီပွဲလည်း ဂျော်ဂျီ ယာမြေမှာ သရေကျဖို့များပါတယ်။ 

ဘီလာရုစ် - လစ်သူယေးနီးယား (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဒီအုပ်စုက စိတ်ဝင်စားစရာကောင်းပြီး အသင်းတိုင်းက မျှော်လင့်ချက်ရှိနေတယ်။ ဘီလာရုစ်နဲ့ လစ်သူယေးနီးယားက အုပ်စုဗိုလ်နေရာကို လုရမဲ့ပွဲပါ။ လစ်သူယေးနီးယားကွင်းမှာ သရေကျခဲ့ပေမဲ့ ဒီပွဲမှာတော့ ဘီလာရုစ်ကိုကြိုက်တယ်။

အီတလီ - ပိုလန် (တနင်္လာနံနက် ၂း၁၅ နာရီ)

အီတလီက အုပ်စုထိပ်ဆုံးနေရာကို ပြန်ရဖို့အတွက် ပို လန်ကို အနိုင်ကစားရမယ်။ ဒီပွဲနိုင်ရင် နောက်ဆုံးပွဲက ဘော့စ နီးယားနဲ့ ဖြစ်ပြီး၊ ပိုလန်-နယ်သာလန် ထိပ်တိုက်တွေ့တော့မှာ ဖြစ်လို့ အီတလီ အုပ်စုဗိုလ်ရဖို့များသွားပြီ။ လက်ရှိအနေအထား အရလည်း အီတလီ သာပါတယ်။ (၁-ဝ)လောက်နဲ့နိုင်မယ်။ 

ဘယ်လ်ဂျီယံ - အင်္ဂလန် (တနင်္လာနံနက် ၂း၁၅ နာရီ)

အင်္ဂလန်က အိမ်ကွင်းမှာတုန်းက ဘယ်လ်ဂျီယံကိုအနိုင်ကစားခဲ့ပေမဲ့ နောက်တစ်ပွဲမှာ ဒိန်းမတ်ကို အိမ်ကွင်းမှာ ရှုံး ခဲ့တာကြောင့် အုပ်စုဒုတိယနေရာကို ရောက်နေတယ်။ ဘယ်လ်ဂျီယံက အုပ်စုတွင်းမှာ ထိပ်ဆုံးနေရာက ဦးဆောင်နေတယ်။ ဒါပေမဲ့ လက်ရှိ ခြေစွမ်းပိုင်းက အကောင်းဆုံးအနေအထားမှာ ရှိမနေဘူး။ အင်္ဂလန်ကို ရှုံးခဲ့ဲတဲ့ပွဲတုန်းက အားရစရာမရှိသလို၊ နောက်ဆုံးကစားခဲ့တဲ့ အိုက်စလန်နဲ့ပွဲမှာလည်း နိုင်ခဲ့ပေမဲ့ အားရစရာခြေစွမ်းမျိုး မဟုတ်ဘူး။ ဒီပွဲက ဘယ်လ်ဂျီယံကွင်းမှာ ပြန်အနိုင်ကစားရမဲ့ပွဲပါ။ ဒါပေမဲ့ အင်္ဂလန်ရဲ့ လက်ရှိလူအင်အားက ဘယ်လ်ဂျီယံကို ခံကစားနိုင်စွမ်းရှိပါတယ်။ အင်္ဂလန် သရေခံကစားရင် အံ့သြစရာမရှိဘူး။ 

ဒိန်းမတ် - အိုက်စလန်(တနင်္လာနံနက် ၂း၁၅ နာရီ)

ဘယ်လ်ဂျီယံ-အင်္ဂလန်တို့ ထိပ်တိုက်တွေ့နေတဲ့ပွဲတွေ မှာ ဒိန်းမတ်က သေချာပေါက်အနိုင်ကစားဖို့ ကြိုးစားရပါလိမ့် မယ်။ ဒါပေမဲ့ ဒိန်းမတ်ကစားသမားတွေကို ကလပ်တွေက ပြန် မလွှတ်တဲ့ပြဿနာရှိလို့ လူစုံပါ့မလားဆိုတာ မသေချာဘူး။ ဒါ ကြောင့် သရေလည်းကျသွားနိုင်တယ်။ 

ရိုမေးနီးယား - နော်ေ၀ (တနင်္လာနံနက် ၂း၁၅ နာရီ)

ရိုမေးနီးယားကွင်းမှာ ကစားခဲ့တုန်းက နော်ဝေက ဂိုးပြတ် သွင်းခဲ့တယ်။ သြစတြီးယားနဲ့ အုပ်စုဗိုလ်နေရာအတွက် အပြိုင် ဖြစ်နေတဲ့ နော်ဝေအတွက် ဒီပွဲက အမှားခံလို့မရပါဘူး။ ဟော် လန်း၊ အော်ဒီဂွါတို့ ဦးဆောင်တဲ့ တိုက်စစ်က ရိုမေးနီးယားကွင်း မှာလည်း နိုင်ပွဲရှာပေးလိမ့်မယ်။ 

သြစတြီးယား - မြောက်အိုင်ယာလန် (တနင်္လာနံနက် ၂း၁၅ နာရီ)

သြစတြီးယားနဲ့ နော်ဝေတို့က (၉)မှတ်စီရထားပြီး မြောက် အိုင်ယာလန်က ရမှတ် (၁)မှတ်နဲ့ League (C) ကို တန်း ဆင်းရမဲ့ အနေအထားဖြစ်နေတယ်။ ဒီပွဲမှာလည်း သြစတြီးယားကို ခံကစားနိုင်စရာအခြေအနေ မတွေ့ရပါဘူး။ သြစတြီးယားပဲ ကြိုက်တယ်။ 

ချက် - အစ္စရေး (တနင်္လာနံနက် ၂း၁၅ နာရီ)

ချက်က ဒီပွဲကို အနိုင်ကစားနိုင်မှ စကော့တလန်ကို အမီ လိုက်ဖို့ မျှော်လင့်နိုင်မှာပါ။ ပထမအကျော့တုန်းက အစ္စရေးကွင်း  မှာအနိုင်ကစားခဲ့ပေမဲ့ တကယ်တော့ ဒီနှစ်သင်းက ခြေသိပ် မကွာဘူး။ သရေလည်းကျသွားနိုင်တယ်။ 

ဟန်ဂေရီ - ဆားဘီးယား (တနင်္လာနံနက် ၂း၁၅ နာရီ)

ဆားဘီးယားရဲ့လူအင်အားက အားရစရာကောင်းတယ်။ ယူရို ၂၀၂၀ Play-offs  တွေမှာ ဖိုင်နယ်အထိ ရောက်နေပေမဲ့ Nations League  ခြေစစ်ပွဲတွေမှာ ရုန်းကန်နေရတာ အံ့သြ စရာပါ။ ဒီပွဲရှုံးရင် League (C) ကိုတောင် ဆင်းသွားနိုင်ခြေ ရှိ တယ်။ ဆားဘီးယား အနိမ့်ဆုံးသရေယူပါလိမ့်မယ်။ 

မော်လ်ဒိုဗာ - ဂရိ (တနင်္လာနံနက် ၂း၁၅ နာရီ)

မော်လ်ဒိုဗာကလည်း မာကျောတဲ့အသင်းပါ။ ဒါပေမဲ့ ဂရိ က အုပ်စုဗိုလ်နေရာအတွက် မျှော်လင့်ချက်ရှိတယ်။ ပထမ ကျော့တုန်းကလည်း မော်လ်ဒိုဗာကွင်းမှာ အနိုင်ကစားခဲ့ပါ တယ်။ ဒီပွဲလည်း ဂရိကိုကြိုက်တယ်။ 

ဆလိုဗေးနီးယား - ကိုဆိုဗို (တနင်္လာနံနက် ၂း၁၅ နာရီ)

ကိုဆိုဗိုက ဒီ Nations League ခြေစစ်ပွဲတွေမှာ အ ခြေအနေသိပ်မကောင်းဘူး။ ဆလိုဗေးနီးယားက ခြေစွမ်းပြနေ ပြီး အုပ်စုထိပ်ဆုံးက ဦးဆောင်နေတယ်။ နောက်ဆုံးပွဲမှာ ဂရိနဲ့ ကစားရမှာဖြစ်လို့ ဒီပွဲကို ဆလိုဗေးနီးယား အမှားမခံပါဘူး။ ဆလိုဗေးနီးယားပဲ ကြိုက်တယ်။ 

■ အခြားပွဲစဉ်များ

အယ်လ်ဘေးနီးယား - ကာဇက်စတန် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

မက်ဆီဒိုးနီးယား - အက်စတိုးနီးယား (တနင်္ဂနွေည ၈း၃၀ နာရီ)

Most Read

Most Recent