ချန်ပီယံဆုများ ရယူလိုလျှင် ရီးယဲလ်အသင်း ခြေစွမ်းတိုးတက်ရန် လိုအပ်သည်ဟု တိုနီကရို့စ် ပြောကြား

ချန်ပီယံဆုများ ရယူလိုလျှင် ရီးယဲလ်အသင်း ခြေစွမ်းတိုးတက်ရန် လိုအပ်သည်ဟု တိုနီကရို့စ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 14 November 2020

ရီးယဲလ်ကွင်းလယ်လူ တိုနီကရို့စ်က မိမိတို့အနေဖြင့် ယခုရာသီတွင် ချန်ပီယံဆုများ ရယူလိုပါက ခြေစွမ်းပိုင်းတိုးတက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

ရီးယဲလ်အသင်းသည် ယခုရာသီ လာလီဂါ (၈)ပွဲကစားပြီးချိန်တွင် (၅)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၂)ပွဲရှုံး ရမှတ် (၁၆)မှတ်ဖြင့် အဆင့် (၄)နေရာ၌ ရပ်တည်နေသည်။ 

ထို့ပြင် ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ် အုပ်စု (B) ၌ ပွဲစဉ် (၃) ပွဲကစားပြီးချိန်တွင် (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ် (၄) မှတ်ဖြင့် အဆင့် (၃)နေရာ၌ ရပ်တည်နေသည်။ 

တိုနီကရို့စ်က မိမိတို့အနေဖြင့် ခြေစွမ်းတစ်သတ်မတ်တည်း မရှိခြင်းမှာ ပြဿနာဖြစ်ပြီး ချန်ပီယံဆုများ ဆွတ်ခူးလိုပါက တိုးတက်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော်တို့အသင်း တစ်ခုခု လိုနေတယ်ဆိုတာကို လူတိုင်း သိပါတယ်။ ဘာစီလိုနာနဲ့ ပွဲမှာ ကျွန်တော်တို့ အရမ်းကောင်းခဲ့ပေမဲ့ ကာဒစ်ဇ်၊ ရှက်တာဒိုးနက်တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းဟာ အရမ်းကို ဆိုးရွားခဲ့ပါတယ်။ ခြေစွမ်းတစ်သတ်မတ်တည်း မရှိခြင်းက ပြဿနာပါပဲ။ ကျွန်တော်တို့အနေနဲ့ ဆုဖလားတွေ လိုချင်တယ်ဆိုရင်တော့ ခြေစွမ်းပိုင်း တိုးတက်ဖို့ လိုပါတယ်"ဟု တိုနီကရို့စ်က ပြောကြားခဲ့သည်။ 

ထို့ပြင် တိုနီကရို့စ်က ရီးယဲလ်ကစားသမားများအနေဖြင့် နည်းပြဇီဒန်းအပေါ် ယုံကြည်မှုအပြည့်ရှိပြီး လက်ရှိ ရီးယဲလ်အသင်း ရင်ဆိုင်နေရသည့် ပြဿနာများကို ဇီဒန်းက ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent