ဒေါ့မွန်-ဘိုင်ယန်မြူးနစ်ပွဲမှာ တစ်ကမ္ဘာလုံးစောင့်ကြည့်မည့်ပွဲဖြစ်ပြီး အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဖလစ်ခ် ဆို

ဒေါ့မွန်-ဘိုင်ယန်မြူးနစ်ပွဲမှာ တစ်ကမ္ဘာလုံးစောင့်ကြည့်မည့်ပွဲဖြစ်ပြီး အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဖလစ်ခ် ဆို
Photo: Getty Images
Photo: Getty Images
Published 7 November 2020

ဘိုင်ယန်မြူးနစ်နည်းပြ ဖလစ်ခ်က ဒေါ့မွန်-ဘိုင်ယန်မြူးနစ်ပွဲမှာ တစ်ကမ္ဘာလုံးစောင့်ကြည့်မည့်ပွဲဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်နှင့် ဒေါ့မွန်အသင်းတို့သည် ယခုရာသီ ဘွန်ဒစ်လီဂါပွဲစဉ် (၆)အပြီးတွင် ရမှတ် (၁၅)မှတ်စီ ရရှိထားပြီး ဘိုင်ယန်မြူးနစ်က ဂိုးကွာခြားအသာဖြင့် အဆင့် (၁)နေရာ၌ ရပ်တည်နေပြီး ဒေါ့မွန်က အဆင့် (၂) နေရာ၌ ရပ်တည်နေသည်။ 

၎င်းတို့နှစ်သင်းသည် ယနေ့(နိုဝင်ဘာ ၇ ရက်)တွင် ဘွန်ဒစ်လီဂါပွဲစဉ် (၇)အဖြစ် ဒေါ့မွန်အသင်း၏ အိမ်ကွင်း Signal Iduna Park တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်နည်းပြ ဖလစ်ခ်က ဒေါ့မွန်အသင်းမှာ အလွန်ကောင်းသည့်အသင်းဖြစ်ပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်နေမည့် အဆိုပါပွဲစဉ်တွင် အနိုင်ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဖလစ်ခ်က "ဒေါ့မွန်က ဒီရာသီ ဘွန်ဒစ်လီဂါမှာ ခံစစ်အကောင်းဆုံးအသင်းဖြစ်ပြီး ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းရာမှာလည်း အရမ်းကောင်းပါတယ်။ သူတို့မှာ ထိပ်တန်းကစားသမားတွေ ရှိပါတယ်။ သူတို့ကို တားဆီးဖို့ ခက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒေါ့မွန်နဲ့ပွဲမှာ ရာနှုန်းပြည့်ခြေစွမ်းပြနိုင်ဖို့ လိုပါတယ်။ ဒေါ့မွန်အသင်းကို နိုင်ချင်ပါတယ်။ ဒေါ့မွန်နဲ့ ဘိုင်ယန်ပွဲဟာ ဂျာမနီမှာသာမက တစ်ကမ္ဘာလုံးက စောင့်ကြည့်တဲ့ ပွဲဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ပွဲအပြီးမှာ အနိုင်(၃)မှတ် ရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent